မော်ရိုကိုအသင်းပရိသတ်များအတွက် Royal Air Maroc က လေယာဉ်လက်မှတ်ဈေးလျှော့ချပြီး ကာတာသို့ပျံသန်းပေးမည်

0
191

ရဘဒ်၊ဒီဇင်ဘာ ၁၂

မော်ရိုကိုလေကြောင်းလိုင်း Royal Air Maroc သည် ပြင်သစ် – မော်ရိုကိုဆီမီးဖိုင်နယ်ပွဲစဉ်ကိုအားပေးရန်အတွက် မော်ရိုကိုအသင်းပရိသတ်များအား လေယာဉ်အစီးသုံးဆယ်ဖြင့် လက်မှတ်လျှော့ဈေးချပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းကပြောကြားခဲ့သည်။

အဆိုပါပျံသန်းပြေးဆွဲမှုအား ယခုတစ်ပတ်အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် စတင်ပြေးဆွဲရန်စီစဉ်နေသည်ဟုပြောခဲ့သည်။မော်ရိုကိုသည်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်နိုင်ခဲ့သည့် အာဖရိကတိုက်၏ ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

ယခုပရိုမိုးရှင်းအစီအစဉ်အတွင်း မသွားရသေးသည့်ပရိသတ်များသာမက လူပေါင်းထောင်ချီလျက် ကာတာသို့ရောက်ရှိနေပြီးသားဖြစ်သည့် ဘောလုံးပရိသတ်များလည်းပါဝင်ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here