ချိန်းတွေ့စဥ် လိင်ကိစ္စတောင်းဆိုမှုကို ငြင်းပယ်သည့်အတွက် ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသည့် အမျိုးသမီးဆေးကုသမှုခံယူနေစဥ် သေဆုံး

0
292

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ ၅ ရက်ညပိုင်းက သမီးရည်းစားချိန်းတွေ့စဥ် အမျိုးသားဖြစ်သူ၏ လိင်ကိစ္စတောင်းဆိုမှုအား သဘောမတူသဖြင့် အမျိုးသမီးဖြစ်သူမှာ ဦးခေါင်းအားအုတ်ခဲဖြင့်ထုခံရပြီး ခန္ဓာကိုယ်ပေါ်သို့ဓာတ်ဆီလောင်း၍ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီး၏အော်ဟစ်အကူအညီတောင်းခံမှုကြောင့် ပတ်ဝန်းကျင်နေသူများက ဆေးရုံသို့အချိန်မီပို့ဆောင်နိုင်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရာမှ ဒီဇင်ဘာ ၁၂ ရက်နံနက် ၈ နာရီ ၂၀ မိနစ်ခန့်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ခေါင်းကိုအုတ်ခဲနဲ့ထုခံထားရတာရယ် ခန္ဓာကိုယ်ပေါ်မှာ မီးလောင်ဒဏ်ရာက ၇၀ ရာခိုင်နှုန်းလောက်လောင်သွားတာရယ်ကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုနေရင်းသေဆုံးသွားတာပါ စဖြစ်တဲ့အချိန်ကတော့ စစ်ကိုင်းဆေး ရုံမှာကုသပေးရင်း မန္တလေးပြည်သူ့ဆေးရုံကို လွှဲ ပြောင်းကုသရတာပါ”ဟု စစ်ကိုင်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များကအမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးရာမှ အခ င်းဖြစ်ပြီး ၁၃ နာရီအကြာတွင် ပြစ်မှုကျူးလွန်သူ ကနားတော်ကျေးရွာနေ ဇာနည်ထွန်း(ခ)ရဲရင့်(၂၄)နှစ်အား ဖမ်း ဆီးရမိခဲ့သည်။

“ကောင်မလေးကို စတွေ့တဲ့အချိန်က အဝတ်အစားတွေစုတ်ဖြဲခံထားရတာတွေ့တယ်။ အခု သိရသလောက်ဆိုရင် ကောင်မလေးသေဆုံးသွားတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့လူကို ပုဒ်မပြောင်းပြီး အမှုဖွင့်လိုက်တယ်ပြောတယ်။ ပုဒ် မတွေကိုတော့မသိရ‌သေးဘူး”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြော သည်။

သေဆုံးခဲ့သည့် အမျိုးသမီးသည် စစ်ကိုင်းပညာရေးတ က္ကသိုလ်တွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်ကာ ပြစ်မှုကျူးလွန်သူနှင့် လူမှုကွန်ယက်မှတဆင့်သိကျွမ်းကာ သမီးရည်းစားဖြစ်ပြီး ပထဆုံးစတင်တွေ့ရှိသည့်နေ့၌ပင် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here