ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၈ ဦးအား ယနေ့စေလွှတ်

0
201

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်ကုမ္ပဏီများမှ မြန်မာအလုပ်သမား ၁၄၈ ဦးအား ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ဒီဇင်ဘာ ၁၃ ရက် (ယနေ့)တွင် စေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမားများ သည် ကုန်ထုတ်လုပ်သားသစ် ၁၂၆ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား ၉ ဦး(စုစုပေါင်း ၁၄၈ ဦး)တို့ဖြစ်သည်။

ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြား၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့သည်။

မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ဒီဇင်ဘာ ၈ ရက်ကလည်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၄၈ ဦး၊ CBT ကုန်ထုတ်လုပ်သား ၁၄ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား ၄ ဦး(စုစုပေါင်း ၈၇ ဦး)အား စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here