အံစာတုံးကားပေါ်တွင် တင်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၉ သိန်း‌ကျော်အား သာစည်မြို့နယ်တွင်ဖမ်းမိ

0
349

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေး ရွာအနီးတွင် အံစာတုံးကားပေါ်မှ ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးဘက်မှသာစည်ဘက်သို့ ပန်းစိန် မောင်းကာ မစံပယ်ဖြူ လိုက်လာသည့် Toyota Hiace ကားအားသတင်းအရ ရှာဖွေခဲ့ကြသည်။

ကားပေါ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)မှရန်ကုန် တိုင်းသို့သယ်လာသည့် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန် ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းမှ မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here