ယူကရိန်းအခြေခံအဆောက်အဦးများပြန်လည်ထူထောင်ရေး ကန်ဒေါ်လာ ၁ ဘီလျံလိုဟုဆို

0
178

ကိဗ်၊ဒီဇင်ဘာ ၁၃

ယူကရိန်းသည်၎င်း၏ မဟာလျှပ်စစ်ဓာတ်အားလိုင်းနှင့် ဗဟိုအပူပေးစနစ်အားပုံမှန်လည်ပတ်နိုင်ရန် စုစုပေါင်းကန်ဒေါ်လာ  ၁ ဘီလျံအမြန်လိုအပ်နေကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

မကြာသေးမီကပြုလုပ်ခဲ့သော ရုရှား၏လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံ၏အဓိကအခြေခံအဆောက်အဦး ထက်ဝက်ခန့်ပျက်စီးခဲ့ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အစည်းအဝေးတွင်၎င်းကပြောကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အဆင့်သုံးဆင့်လိုအပ်သည်ဟုလည်းပြောကြားခဲ့သည်။သို့သော်လတ်တလောအရေးအကြီးဆုံးနှင့် ဦးစားပေးရမည့်အရာမှာ မရှိမဖြစ်အခြေခံအဆောက်အဦး များနှင့် ဆောင်းကိုဖြတ်ကျော်နိုင်ရန်အတွက် စွမ်းအင်ကဏ္ဍတို့ပင်ဖြစ်သည်ဟုဆိုသည်။

ထိုကဏ္ဍအတွက်ခန့်မှန်းခြေ ကန်ဒေါ်လာ သန်းငါးရာအထိကုန်ကျနိုင်ပြီး ဗဟိုအပူပေးနိုင်ရေးစနစ်အတွက် မှန်းခြေသန်းငါးရာလိုအပ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏မှန်းဆချက်များအရ ယူကရိန်းသည် ဇွန်လကအခြေအနေအထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၃၄၉ ဘီလျံအထိလိုအပ်နိုင်ကြောင်းလည်းခန့်မှန်းထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here