ကချင်ပြည်နယ်၌ ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
187

ဒေသထုတ်ကုန်ကိုအခြေခံသည့် ပြည်တွင်းစီးပွား ရေးကို အားပေးမြှင့်တင်ရမည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်သို့ရောက်ရှိစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား တွေ့ဆုံအမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဝါးနှင့်သစ်များပေါများစွာရှိ၍ အဆိုပါ သစ်နှင့်ဝါးများကိုအသုံးပြု၍ စက္ကူပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်အား ဖြည့်တင်းနိုင်သည်ဟု ပြောသည်။

“ဝါးကိုအခြေခံတဲ့ တခြားလူသုံးကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်နိုင်ပါတယ် ဝါးနဲ့ပတ်သက်ပြီး ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်မယ်ဆိုရင် နိုင်ငံ တော်ကလိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကချင်ပြည်နယ်မှထွက်ရှိသည့် သစ်သီးများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ် လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ပါက အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကာ ရာဘာစိုက်ပျိုးမှုများသဖြင့် ရာဘာထွက်ကုန်များဖြင့် တာယာ များနှင့်အခြားလူသုံးကုန်ပစ္စည်းများကိုလည်းထုတ်လုပ်နိုင်သည်ဟု ပြောသည်။

ဒေသတွင်းဆန်ဖူလုံမှုရှိစေရန် စိုက်ပျိုးရေးတွင် အဓိကအခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊စိုက်ပျိုးမြေကောင်းမွန်ရေး၊စိုက် ပျိုးရေလုံလောက်စွာရရှိရေးနှင့်စိုက်နည်းစနစ်မှန် ကန်မှုရှိရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးကို စနစ်တကျအသုံးချဆောင်ရွက်ရန်လိုကြောင်းသည်ဟု ပြောသည်။

မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လှောင်၍မွေးမြူသည့်စနစ်ဖြင့် စနစ်တကျမွေး မြူပါက မွေးမြူရေးထွက်ကုန်များအား ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေများရရှိကာ ဒေသနှင့်နိုင်ငံအတွက်အကျိုးများစွာဖြစ် ထွန်းစေမည်ဟု ပြောသည်။

“ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here