တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီခိုင်မာရေးလမ်းကြောင်းပေါ်မှသွေဖယ်မည်မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

0
563

ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအား ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံခဲ့သည်။

“တပ်မတော်အနေနဲ့ နိုင်ငံတော်လျှောက်လှမ်းနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာရေးအ တွက် လုပ်ဆောင်နေခြင်းဖြစ်ပါတယ် အဲဒီလမ်း ကြောင်းပေါ်ကနေ သွေဖယ်စေမှာမဟုတ်ပါဘူး ဒါ့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာမှ ဥပဒေနဲ့အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာပါ”ဟုထို​တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပြည်သူများနှင့်လက်တွဲ၍ ဒို့တာဝန်အရေးသုံးပါးအား ခေတ်အဆက်ဆက်ကာကွယ်စောင့်ရှောက်လျက်ရှိကာ မည်သည့်အစိုးရ၊မည်သည့်ခေတ်ပင်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့် ရှောက်သူ Guardian အနေဖြင့်တည်ရှိနေမည်ဟု ဆိုသည်။

တပ်မတော်အနေဖြင့် စွမ်းရည်၊စွမ်းအားမြင့်မားပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားနေမှသာ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူအဖြစ်တည်ရှိနေမည်ဖြစ်ကာ စည်းလုံးခြင်းအင်အား၊စုစည်းညီညွတ်သည့်အားကိုတည်ဆောက်ရမည်ဟု ပြော သည်။

“နိုင်ငံရေးအရ၊တိုင်းရင်းသားရေးအရ သဘော ထားကွဲလွဲမှုတွေရှိတာကြောင့် စုစည်းညီညွတ်တဲ့ အင်အားတစ်ခုရရှိဖို့အတွက် ရည်မှန်းချက်နှစ်ခုဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးကို ဦးတည်ဆောင်ရွက်နေပါတယ်၊ အဲဒီ ရည်မှန်းချက်နှစ်ခုအပေါ်မူတည်ပြီး တိုင်းပြည်စည်းလုံးညီညွတ်မှုရရှိအောင် မိမိတို့အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

နိုင်ငံသားအချင်းချင်းသဘောထားကွဲလွဲပြီး စည်း လုံးညီညွတ်မှုပြိုကွဲပါက နိုင်ငံ၏အားသည်လည်း လျော့နည်းသွားသည်ကိုတွေ့ရမည်ဖြစ်ကာ မိသားစုတစ်စု၌ပင် စည်းလုံးညီညွတ်မှုရှိမှသာ စုစည်းညီညွတ်သည့်အားကို ရရှိနိုင်မည်ဖြစ်ပြီး မိမိ မိသားစု၏ လုံခြုံမှုနှင့်လူမှုစီးပွားဘဝမြင့်တက်မှုကိုရရှိစေမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here