မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမားများနှင့်ပူးတွဲလေ့ကျင့်ရန် ကမ္ဘောဒီးယားနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့ နေပြည်တော်ရောက်ရှိ

0
323

မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမားများနှင့်ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် ကမ္ဘောဒီးယားနိုင်ငံခြင်းလုံးအားကစားသမားများသည် ဒီဇင်ဘာ ၁၃ ရက်ကနေပြည်တော်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံခြင်းလုံးအားကစားအဖွဲ့တွင် အုပ်ချုပ်သူ၊နည်းပြနှင့်ကစားသမားများအပါအ ဝင် ၃၆ ဦးရှိကာ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပရာတွင် အောင်မြင်မှုများရရှိရန်အတွက် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားသမားများနှင့်လာရောက်ပူးတွဲလေ့ ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံခြင်းလုံးအားကစားအဖွဲ့အား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများကကြိုဆို၍ တည်း ခိုနေထိုင်စားသောက်မှုများအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here