ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ရဲထွန်းနောင် တတိယဆု ရရှိ

0
248

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ဒီဇင်ဘာ ၆ရက် နေ့ မှ ၁၂ရက်ထိ (၁၃)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ၂၀၂၂ကျင်းပခဲ့သည်။

ထိုပွဲသို့မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးကျော်သန်းဦးဆောင်၍ အဖွဲ့ချုပ်မှဒေါ်ရီရီဝင်း(ဒိုင်)အားကစားသမားရဲထွန်းနောင်(၇၀ကီလိုတန်း) နှင့်ထွန်းထွန်းအောင် (၆၀ ကီလိုတန်း)တို့ပါဝင်သောမြန်မာအားကစားအဖွဲ့လည်းသွား​ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

(၃၁)ကြိမ်မြောက်ဆီးဂိမ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ရရှိထားသည့် လက်ရွေးစင်အားကစားသမားရဲထွန်းနောင်သည်ယခုကမ္ဘာ့ပြိုင်ပွဲတွင်ပထမဆုံးသွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

၇၀ကီလိုတန်းတွင် ပြိုင်ဘက်များဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့ကြားမှမြန်မာမှ ရဲထွန်း​နောင်က တတိယဆုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအဖွဲ့သည် တနင်္လာနေ့ ညနေ ၆နာရီ ခွဲကထိုင်းလေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်သည် ကမ္ဘာ့ပြိုင်ပွဲ၊ အာရှပြိုင်ပွဲ၊ (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတို့အတွက် ပဏာမလက်ရွေးစင်အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၃)ဦး ရွေးချယ်ထားပြီး ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်၊မအူကုန်းသာယာအားကစားဝင်းရှိ အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက် ရှိကြောင်းသိရသည်။

AMH


LEAVE A REPLY

Please enter your comment!
Please enter your name here