အမေရိက၌ တရုတ်၏ Tiktok အက်ပ်အသုံးပြုမှုအားတားမြစ်ရန် လွှတ်တော်အမတ်များအဆိုပြု

0
194

ဝါရှင်တန်၊ဒီဇင်ဘာ ၁၄

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Marco Rubio သည် တရုတ်နိုင်ငံ၏ နာမည်ကြီးဆိုရှယ်မီဒီယာ အက်ပ် TikTok အားတားမြစ်ရန် ပါတီနှစ်ခုလုံးကသဘောတူသည့်ဥပဒေကို ဒီဇင်ဘာ ၁၃ ရက်တွင်ကြေငြာခဲ့သည်။

ယခုအက်ပလီကေးရှင်းသည် အမေရိကန်များအားလျှို့ဝှက်စုံစမ်းမှုမျိုးလုပ်နိုင်ပြီး ထောက်လှမ်းရန် အသုံးပြုနိုင်ကြောင်း အမေရိကန်ဘက်မှစိုးရိမ်မှုများကြောင့် TikTok ကုမ္ပဏီဖြစ်သည့် Byte Dance Ltd အပေါ် ဖိအားများနေခြင်းဖြစ်သည်။

ယခုဥပဒေသည် တရုတ်နှင့်ရုရှားအပိုင် (သို့) ၎င်းတို့လွှမ်းမိုးမှုပါနေသော ဆိုရှယ်မီဒီယာအက်ပ်အားလုံးအတွက် အကျုံးဝင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

တန်ခိုးထွားသောအမျိုးသားလုံခြုံရေးအဖွဲ့ဖြစ်သည့် အမေရိကန်အစိုးရ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မတီ (CFIUS) ကလည်း ၂၀၂၀ ပြည့်နှစ်က ByteDance သည် အမေရိကမှအသုံးပြုသူဒေတာများကို တရုတ်ကွန်မြူနစ်အစိုးရထံ လွှဲပြောင်းပေးနိုင်မည်ကို စိုးရိမ်သောကြောင့် TikTok အား ဖျက်သိမ်းရန်အမိန့်ပေးခဲ့ဖူးသည်။

CFIUS နှင့် TikTok တို့သည် သုံးစွဲသူသန်းတစ်ရာကျော်၏ ဒေတာကိုကာကွယ်ရန် အမျိုးသားလုံခြုံရေး သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့လည်း လအတော်ကြာ ဆွေးနွေးနေခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here