ယူကရိန်းဆောင်းအတွက်အရေးပေါ်လိုအပ်နေသည့် ယူရိုတစ်ဘီလျံရရှိမည်ဟုဆို

0
226

ပါရီ၊ ဒီဇင်ဘာ၁၄

ရုရှား၏ထိုးစစ်ဆင်မှုကိုခံနိုင်ရန် သမ္မတဇလန်းစကီးတောင်းဆိုသည့် မေတ္တာရပ်ခံချက်အားတုံ့ပြန်သည့်အနေဖြင့် ယူကရိန်း၏အနောက်နိုင်ငံမဟာမိတ်များက ဆောင်းရာသီအတွက် နောက်ထပ်အကူအညီ ယူရို ၁ ဘီလျံ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) အား ပေးအပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့က ကတိပြုခဲ့သည်။

ယူကရိန်းနိုင်ငံသားများယခုနှစ်ဆောင်းရာသီကိုကျော်ဖြတ်သန်းနိုင်စေရန်  နိုင်ငံပေါင်း ၇၀ ခန့်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ သည် ပါရီတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်ဟုလည်းသိရှိရသည်။

သမ္မတဇလန်းစကီး၏ဗွီဒီယိုမက်ဆေ့ချ်တွင် ယူကရိန်းအနေဖြင့် ၎င်း၏စုတ်ပြတ်နေသော စွမ်းအင်ဏ္ဍကိုပြန်လည်မြှင့်တင်ရန်အတွက် အချိန်တိုအတွင်း ယူရိုသန်း ၈၀၀ ဝန်းကျင် အကူအညီလိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် ယူကရိန်းရှိနေရာအတော်များများ၌ တစ်နေ့လျှင်နာရီအနည်းငယ်သာ မီးရရှိကြကြောင်းသိရှိရသည်။နိုင်ငံတောင်ပိုင်း အိုဒက်ဆာပြည်နယ်၌မူ ရုရှား၏ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလုံးဝမရရှိသည်မှာ ပြီးခဲ့သည့်စနေ၊တနင်္ဂနွေကတည်းကဖြစ်သည်ဟုလည်းဆိုသည်။

“သူတို့ကကျွန်တော်တို့ကိုအမှောင်ထဲထားချင်ပေမဲ့ တစ်ကမ္ဘာလုံးက ကျွန်တော်တို့မိတ်ဖက်နိုင်ငံတွေကြောင့် သူတို့ရဲ့အကြံက အထမမြောက်ခဲ့ပါဘူး” ဟုလည်း ယူကရိန်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here