လသာမြို့နယ်တွင် လွတ်နေသည့် အိမ်မွေးမျောက်လေပွေတစ်ကောင်ကို တွေ့ရှိသည့်အတွက် မီးသတ်မှ ထိန်းသိမ်းထား

0
488

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် လွတ်နေသည့် အိမ်မွေးမျောက်လေပွေတစ်ကောင်ကို တွေ့ရှိသည့်အတွက် မီးသတ်မှ ထိန်းသိမ်းထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင်
လသာမြို့နယ် ၂၂လမ်း(အောက်ဘလောက်တွင်) အိမ်မွေးမျောက်လေပွေ တစ်ကောင် လွတ်နေကြောင်း ဆက်သွယ်လာသည့်အတွက််် ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့ နှင့် စမ်းချောင်းအရန်မီးသတ်အဖွဲ့တို့ ပူးပေါင်း၍ ကူညီဆောင်ရွက်မှုပြုလုပ်ခဲ့ရသည်။

စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့၀င်တစ်ဦး အကိုက်ခံခဲ့ရပြီး လက်ရှိအချိန်တွင်‌ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားကာ ပိုင်ရှင်မှန်ပါက ဆက်သွယ်ရန်လည်း အသိပေးထားသည်။

ဓာတ်ပုံ – စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here