၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမည့်မှု ၆၂၇၆ မှုရှိပြီး ကာလတန်ဖိုး ငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့

0
265

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ဖမ်း ဆီးရမိမှု ၆၂၇၆ မှုအထိရှိပြီး ကာလတန်ဖိုး၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်အထိ ရှိကြောင်း သိရသည်။

ဒီဇင်ဘာ (၁၄)ရက် မွန်းလွဲပိုင်းက နေပြည်တော် ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂ ၂) တွင် ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရခြင်း ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ပြောကြားချက်အရ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်း ဆီးရမိမှု ၆၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ဘိန်း ဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တမင်း ၂ ဒသမ ၀၄ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများ နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရရှိပြီး ယခုနှစ်တွင် အထူးစစ်ဆင် ရေးများကိုလည်း ယနေ့အထိ (၃၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ် ၍ ငွေကြေးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ အမှုပေါင်း ၂၆ မှု လွှဲပြောင်းပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၂၉ မှု လွှဲ ပြောင်း ပေးနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးရှိ မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံချက်ပါလုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရန်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။

ပုံစာ-၃၅ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား


LEAVE A REPLY

Please enter your comment!
Please enter your name here