အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ ချေးယူနိုင်သည့် ချေးငွေအမျိုးအစားများနှင့် ဘဏ်များအား အသိ ပေးထုတ်ပြန်

0
371

MSME လုပ် ငန်းရှင်များချေးယူနိုင်သည့် ချေးငွေအမျိုးအစားများနှင့် ချေးငွေရယူနိုင်သည့် ဘဏ်များအား နစ က ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ အသိပေးထုတ် ပြန်လာကြောင်း သိရသည်။

MSME လုပ်ငန်းရှင်များသည် JICA Two-Step Loan ချေးငွေဆောင်ရွက်သည့်ဘဏ် – မြန်မာ့စီး ပွားရေးဘဏ်၊ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည် တော်ဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်မြန်မာအရှေ့တိုင်းဘဏ်တို့တွင် ချေး ငွေများရယူနိုင်ကြောင်း သိရသည်။

ထိုသို့ ချေးငွေရယူရာတွင် အများဆုံးချေးငွေသက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး အများဆုံးချေးယူနိုင်သည့် ပမာဏသ ည် ကျပ်သန်း ၅၀၀ ဖြစ်ကာ အတိုးနှုန်းအနေဖြင့် မရွှေ့ ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူပါက ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူပါက အတိုးနှုန်း ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းတို့ဖြစ်ကာ အပေါင်ပစ္စည်းသည် မရွှေ့ပြောင်းနိုင်သောပစ္စည်း (မြေနှင့်မြေပေါ်ရှိအဆောက်အဦး)သည် CGI အာမခံဖြစ်ကြော င်း သိရသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်သည့် MEB (MSME) ချေးငွေသက်တမ်းမှာ အများဆုံး ၅ နှစ်ဖြစ်ပြီး အများဆုံးချေးငွေ ကျပ်သန်း ၃၀၀ အ ထိချေးယူနိုင်ကာ မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူပါက အ တိုးနှုန်း ၆ ဒသမ ၅ ရာ ခိုင်နှုန်း၊ အပေါင်ပစ္စည်း လျှော့ ပေါ့ ချေးငွေချေးယူပါက အတိုးနှုန်း ၇ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းတွင် စက်ပစ္စည်းအာမခံဖြင့် ချေးယူပါက ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၁ ဒသမ ၅ ရာ ခိုင်နှုန်းတို့ဖြစ်ကာ အပေါင်ပစ္စည်းသည် မရွှေ့ပြောင်း နိုင်သောပစ္စည်း(မြေနှင့်မြေ ပေါ်ရှိအ ဆောက်အဦး)ဖြစ်ပါက CGI အာမခံဖြစ်သည်။

အဆိုပါ ချေးငွေထုတ်ချေးပေးရေး အစီအစဉ်ကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့်လုပ်ငန်းများ ပိုမိုချဲ့ ထွင်နိုင်ရေးတို့အတွက် လိုအ ပ်သည့်ငွေကြေးအ ရင်းအနှီးများရရှိစေရန် MSME ချေး ငွေများအား ၂၀၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထုတ်ချေးပေးလျက်ရှိရာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင် ဘာလအထိ SMIDB(SME) ချေးငွေအစီအစဉ်မှ လုပ် ငန်းရှင် ၄၅၆ ဦးအား ချေးငွေကျပ် ၂၀ ၆၃၈ သန်း၊ JICA Two-Step Loan (MSME)ချေးငွေအ စီအစဉ်မှ လုပ်ငန်းရှင် ၂၀၄၅ ဦးအား ချေးငွေကျပ် ၃၆၄,၅ ၃၄ ဒသမ ၁၈ သ န်းနှင့် ချေး‌ငွေထုတ်ချေးထားပြီး ဖြစ် ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် MEB(MSME) ချေး ငွေအစီအစဉ်မှလည်း လုပ် ငန်းရှင် ၃၄၂ ဦးကို ချေးငွေကျပ် ၂၅၉၇၇ သန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here