Chatrium Hotel တွင် ထိုင်းရိုးရာမီးမျှောပွဲ ပြုလုပ်မည်

0
197

chatrium-copy

Chatrium Hotel Royal Lake Yangon ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော Loy Krathong ထိုင်းရိုးရာ မီးမျှောပွဲနှင့် ညစာစားပွဲကို နိုဝင်ဘာ လ၁၄ ရက်၊ ညနေ ၆း၃ဝThe Emporia Restaurant တွင် ကျင်းပမည်ဖြစ်ပါသည်။ ဤညစာစားပွဲကိုနှစ်စဉ်ကျင်းပရခြင်းမှာယဉ်ကျေးမှူအစဉ်အလာချင်းနီးစပ် တူညီသောမြန်မာနှ င့်ထိုင်းတို့၏ မီးထွန်းပွဲတော်ဓလေ့နှင့် အစားအသောက် တို့ကိုဖော်ထုတ်ပြသလို၍ကျင်းပခြင်းဖြစ်ပါသည်။ ထိုင်းရိုးရာဘူဖေးညစာတွင် အရသာ စုံလင်လှသော Tom Yum soup & Papaya salad စသည့် ထိုင်းရိုးရာအစားအစာများ၊ဟင်းချိုအမျိုးမျိုး၊ အဓိကဟင်းလျာများနှင့်အချိုပွဲများ စသည်ဖြင့် ဖွယ် ဖွယ်ရာရာ ပြင် ဆင်ပေးသွားမည် ဖြစ်သည်။

ညစာသုံးဆောင်ပြီးချိန်တွင် ဧည့်သည်များအနေဖြင့် ဆီမီးတိုင်များထွန်း ညှိပူဇော်ထားသော ပန်းလှေလေးများကို ရေကူးကန်အတွင်း ကိုယ်တိုင်လွှတ် ကာ ကြည်နူးဖွယ်ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ပြီး Loy Krathong Festival   ဆိုသည် မှာLoy Krathong သည် ထိုင်းရိုး ရာမီးမျှောပွဲဖြစ်ပြီးLoy ဆိုသည်မှာ ရေေ မျှာခြင်းဖြစ်ပြီး Krathong ဆိုသည်မှာ ရေတွင်ပေါ်နေသော အရာဝတ္ထု (ငှက်ပျောဖတ်များ၊ ပန်းများနှင့် အလှဆင်ထားပြီး ဖယောင်းတိုင်မီးနှင့် အမွှေး တိုင်မီး စိုက်ထွန်းထားသော ပန်းလှေ) ဖြစ်ပါသည်။

ယင်းပွဲတော်သည် နှစ်စဉ် နိုဝင်ဘာ လတွင် ကျရောက်လေ့ရှိပြီး မြန်မာတို့ ၏ တန်ဆောင်မုန်းလပြည့်ညတွင် ပြုလုပ်နေကျဖြစ်သော တန်ဆောင် တိုင်မီး ထွန်းပွဲ၊ ရွှေကျင်မီးမျှောပွဲတို့နှင့် အလားသဏ္ဌန် တူပါသည်။ပွဲတော်အချိန်တွင် ထိုင်းနိုင်ငံရှိ အထင်ကရ စေတီပုထိုးများ၌ မီးများထွန်းညှိပူဇော်ခြင်း၊Krathong  ပန်းလှေများ ပြုလုပ်ပြီး မြစ်ထဲ (သို့) ရေကန်ထဲသို့ မျှောခြင်း၊Miss Loy Krathong (Ms. Noppamas) ပြိုင်ပွဲများကျင်းပခြင်း၊ ထိုင်းရိုးရာ ကစားနည်းများ ကစားခြင်း၊ မီးပုံးလွှတ်တင်ခြင်း၊ မီးပန်းများဖောက်ခြင်း စသည့် ပျော်ရွှင်ဖွယ်များနှင့် ဆင်နွှဲကြပါသည်။ပန်းလှေများကို ရေထဲသို့ မျှောရခြင်းမှာ မကောင်းသော ကံများ လှေနှင့်အတူပါသွားပြီး ကံကောင်းမှုများသာ ဆိုက် ရောက်လာရန် ရည်ရွယ်၍ ပြုလုပ်ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here