ဗဟိုဘဏ်၏ ငွေလဲနှုန်းရည်ညွှန်းဈေး ပြောင်းလဲသတ်မှတ်မည်ဆိုသည့် ကောလာဟလဖြင့် ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားမှုများရှိနေ

0
701

ဗဟိုဘဏ်က ဒေါ်လာ‌ရည်ညွှန်းဈေး ပြောင်းလဲသတ်မှတ်မည်ဆိုသည့် ကောလဟာလ၊ ဆီသမားများပြန်ဆပ်ဖို့ ​ဒေါ်လာဝယ်ရ​တော့မည်ဆိုသည့်သတင်းများဖြင့် ဈေးကွက်အတွင်းရှိ ဒေါ် လာဈေးနှုန်းကို ဆွဲတင်ရန်ကြိုးစားမှုများ ရှိနေသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေးနှုန်းမှာ တစ်ဒေါ်လာလျင် ၂၁၀၀ ကျပ်ဖြစ်ပြီး အဆို ပါ ရည်ညွှန်းဈေးကို ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတဦးကဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာလိုအပ်ချက် မြင့်မားသည့် ပြည် တွင်းရှိ စက်သုံးဆီ တင်သွင်းသူများနှင့် အခြား သွင်းကုန်တင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ် ချေးပေးထားပြီး လက်ရှိတွင် အဆိုပါ ချေးငွေများ ပြန်လည် ပေးချေရတော့မည်ဟု သတင်းလွှင့်ကာ ဒေါ်လာဈေးကစားရန် ကြိုးစားမှုများ ရှိနေကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားတို့၏လုပ်ခလစာဝင်​ငွေ​ဒေါ်လာ ၁၀၈သန်း​ကျော်အားနိုင်ငံတော်မှ စက်သုံးဆီသွင်းသူများကို ​ မ​နေ့ကအထိ တလ အတွင်း​ရောင်း​ပေးထားပြီး ဖြစ်​ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ​ပေါ်ပြူလာနယူးစ်သို့​ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ပြည်တွင်းရှိ နိုင်ငံခြား ငွေဈေးကွက်တွင် ဈေးကစားခြင်း၊ ဈေးဆွဲတင်ခြင်းများ လုပ်ဆောင်ခဲ့မှုများကြောင့် အမေရိကန် တစ်ဒေါ်လာလျင် ကျပ် ၄၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဗဟိုဘဏ်က ဝင်ရောက်ထိန်းချုပ်ခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၀၀၀ အောက်သို့ ပြန်လည် ကျဆင်းလာခဲ့ပြီး လက်ရှိတွင် အဆိုပါဈေးနှုန်းအတိုင်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here