ရတနာကျောက်စိမ်းစေတီတော် တည်ရာမှာ မတည်အလှူရှင်အဖြစ် အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ဒေါက်တာအောင်ကျော်မိုး

0
208

ရတနာကျောက်စိမ်းစေတီတော်ကြီးရဲ့ အုတ် မြစ်ချအခမ်းအနားအစီအစဥ်ကို  ဒီဇင်ဘာလ ၁၃ ရက် မနက် ၉ နာရီ က ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ဇရစ်ရိုးကျေးရွာအုပ်စုရှိ နွားဦးတိုက်ဆရာတော်ဘုရားကြီးရဲ့ကျောင်းပရဝဏ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါအုတ်မြစ်ချပွဲအခမ်းအနားကို မတည်အလှူအဖြစ် ဒေါက်တာအောင်ကျော်မိုးမှ သိန်း၁ထောင်၁ ရာ မတည်လှူဒါန်းပေးခဲ့ပြီး ကိုမင်းသူ ကိုကျင်ဝှက် ကိုကြာစိတို့မှတက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။ 

အခုလိုမတည်လှူဒါန်းဖြစ်တာနဲ့ပတ်သက်ပြီး ဒေါက်တာ အောင်ကျော်မိုးက 

” အခုလိုကျောက်စိမ်းဘုရားကိုတည်ဖြစ်တာက ဆရာတော်ဘုရားကိုကြည်ညိုပြီး ဆရာတော်ဘုရားအနားမှာရှိနေခဲ့တာကြာပါပြ​ီ အခုလိုဆရာတော်ဘုရားက ကျောက်စိမ်းဘုရားတည်ဖို့ တိုင်ပင်တော့ နိုင်သလောက်လေး ပံ့ပိုးတဲ့အနေနဲ့ မတည်လှူဒါန်းပေးဖြစ်တာပါ အခုလိုလိုအပ်တဲ့နေရာလေးမှာလှူဒါန်းခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ် ” လို့ပြောပါတယ်။ 

ဒေါက်တာအောင်ကျော်မိုးအနေနဲ့ ရတနာကျောက်စိမ်းစေတီတည်ရာမှာ မတည်အလှူအရှင်အဖြစ်သိန်းပေါင်း ၁ ထောင်၁ ရာကိုမတည်လှူဒါန်းပေးခဲ့တဲ့အပြင် ရွာအနီးအနားကသူတွေအတွက်လည်းစတုဒိသာအဖြစ်ထမင်းနဲ့ဟင်းများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here