ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

0
176

ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်က လုံးလိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအ ခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် မဖြစ်မနေလိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေချိန်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြားသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်(ယနေ့)တွင်ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို င်၏ သဝဏ်လွှာတွင် ရေးသားထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လည်း ပြည် ထောင်စု စိတ်ဓာတ်ကို အခြေခံကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားထားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်း သားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့်ပြည်ထောင်စုငြိမ်း ချမ်းရေးကို ခိုင်မာသည့်သန္နိ ဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဖွဲ့စည်းကာ သက်ဆိုင်ရာဆွေးနွေးဖက် အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေး နွေးမှုများကို မပြတ်ဆောင်ရွက်လျက်ရှိသ ည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်း ကြောင်းအတိုင်းလျှောက်လှမ်းခြင်းသည်သာ မိမိတို့အားလုံးမျှော် လင့်ထားတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို တည် ဆောက်နိုင်မှာဖြစ်ပါတယ် “ဟု နစက ဥက္ကဋ္ဌကပြောသည် ။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြ တ်ရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေး ထိုးခြင်းမပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများကို နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက် ဖက်မှုကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကို အချင်းချ င်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဟုလည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာ၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here