ဘားအံမြို့တွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေး ရေမြောင်းအတွင်း ထိုးကျမှုကြောင့် ၁ ဦး သေဆုံး

0
178

ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၆) နံနက်ပိုင်းက ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေး ရေမြောင်းအတွင်းသို့ ထိုးကျမှုကြောင့် ၁ ဦးသေဆုံးသွားကြောင်း မာဃ လူမှုကူညီရေးအသင်း (Marga Ambulance & Rescue Service)ထံမှ သိရသည်။

ဘားအံမြို့နယ်၊ ကော့မူယာကျေးရွာ၊ ဘားအံ- မော်လမြိုင် အဖြောင့်လမ်း၊ ထုံးအိုင် လမ်းခွဲအကျော်တွင် ကား(၁) စီး အရှိန်လွန်၍လမ်းဘေးရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါယာဉ်မောင်းအမျိုးသား (၁) ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသောယာဉ်မောင်း၏ ရုပ်အလောင်းကို မေတ္တာစေတနာ လူမှုကူညီရေးအသင်း(ကော့ကျိုက်) နှင့် မာဃ လူမှုကူညီရေးအသင်း (ဘားအံ) တို့ပူးပေါင်းဆယ်ယူပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – မာဃ လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here