စွမ်းအင်သုံးစွဲမှုနည်းပါးသော မီးသီးအလုံးရေ သန်းနှင့်ချီ၍ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ရန် ဇယ်လန်းစကီးတောင်းဆို

0
107

ယူကရိန်းနိုင်ငံ၏ စွမ်းအင်စနစ်အကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် စွမ်းအင်သုံးစွဲမှုနည်းပါးသော မီးသီးသန်းနှင့်ချီ၍ လိုအပ်နေကြောင်း သမ္မတ ဇယ်လန်းစကီးကပြောကြားခဲ့သည်။ အင်္ဂါနေ့ကပြုလုပ်သည့် နိုင်ငံတကာအကူအညီပေးရေးညီလာခံ၌ သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

မီးသီးများသန်းနှင့်ချီ၍ လိုအပ်နေချိန်တွင် အကယ်၍ ယူကရိန်းနိုင်ငံသို့ LED မီးသီး သန်း ၅၀ မျှ ပံ့ပိုးပေးမည်ဆိုပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ ၁ ဂီဂါဝပ်မျှကို သက်သာစေနိုင်ပြီး၊ လက်ရှိ စွမ်းအင်ပြတ်တောက်မှုကို ၄၀ ရာခိုင်နှုန်းမျှ လျှော့ချနိုင်မည်ဖြစ်ကြောင်း သူကဆိုသည်။

ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများ ပျက်စီးသွားခြင်းကြောင့် ပျမ်းမျှအားဖြင့် လျပ်စစ်ဓာတ်အား ၂ ဂီဂါဝပ်ခန့် ပြတ်တောက်သွားကြောင်း ဇယ်လန်းစကီးကဆိုသည်။

ထို့ကြောင့် နိုင်ငံနေရာအနှံ့အပြားတွင် တစ်နေ့လျှင် နာရီအနည်းငယ်မျှသာ လျှပ်စစ်မီးရရှိနေပြီး၊ ဆောင်းတွင်း၏ အအေးဒဏ်ကို ရင်ဆိုင်နေကြရသည်။

“ယူကရိန်းနိုင်ငံအတွက် လက်နက်တွေ၊ သံချပ်ကာကားတွေ၊ ကျည်ကာအင်္ကျီတွေလိုအပ်နေသလို မီးစက်တွေလဲ လိုအပ်နေပါတယ်”ဟုလည်း သမ္မတဇယ်လန်းစကီးက အဆိုပါ ညီလာခံတွင်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံများကမူ LED မီးသီး သန်း ၃၀ မျှကို ယူကရိန်းသို့ ပေးပို့မည်ဟုဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here