ခရစ္စမတ်လည်း အပစ်မရပ်ဟုရုရှား ဆို

0
165

ကိဗ်၊ ဒီဇင်ဘာ ၁၅

ရုရှားအနေဖြင့် ယူကရိန်း၌ ခရစ္စမတ်ကာလ၌လည်းအပစ်အခတ်ရပ်စဲမည်မဟုတ်ကြောင်းပြောကြားကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏အကြီးဆုံးပဋိပက္ခဖြစ်သည့် ယခုစစ်ပွဲအားရပ်တန့်ရန် ခရစ္စမတ်မတိုင်မီ တပ်ဆုတ်ပေးရန်တောင်းဆိုသည့် ကိဗ်၏တောင်းဆိုမှုကိုပယ်ချခဲ့သည်။

၎င်းတို့နှစ်နိုင်ငံအနေဖြင့် ယူကရိန်းအရှေ့ဘက်နှင့်တောင်ဘက်တွင် တိုက်ပွဲများပြင်းထန်နေကာ လတ်တလော၌ ဆွေးနွေးညှိနှိုင်းခြင်းမရှိပေ။

ယူကရိန်းမြို့တော် ကိဗ်သို့လည်း ဒရုန်းတိုက်ခိုက်မှုများပြန်လည်ပြုလုပ်လာကာ အုပ်ချုပ်ရေးနှင့်ဆိုင်သည့်အဆောက်အအံုနှစ်ခုအား ထိမှန်ခဲ့သော်လည်း ယူကရိန်းကာကွယ်ရေးတပ်ဖွဲ့များမှ ထိထိမိမိတွန်းလှန်နိုင်ခဲ့သည်။သမ္မတဇလန်းစကီး၏ပြောကြားချက်အရ ဒရုန်း ၁၃ စီးခန့်ပစ်ချခံခဲ့ရသည်ဟုသိရှိရသည်။

ရုရှား-ယူကရိန်းအရေးကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ပြီး သန်း နှင့်ချီ၍အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုဆိုသည်။

ခရစ္စမတ်၌အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်နှင့်ပတ်သက်၍ မေးမြန်းရာ၌ ခရမ်မလင်ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Dmitry Peskov က ယင်းသို့ကမ်းလှမ်းမှုမျိုးလက်ခံရရှိခြင်းမရှိကြောင်းနှင့် အဆိုပါအကြောင်းအရာသည် အစီအစဉ်တွင်မပါဝင်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ယူကရိန်းဘက်မှ ယခုပဋိပက္ခအားအဆုံးသတ်ရန် ရုရှားအနေဖြင့် ခရစ္စမတ်ကာလ၌ တပ်ဆုတ်သွားပေးရန်တောင်းဆိုခဲ့သော်လည်း ရုရှားဘက်မှပယ်ချကာ လက်ရှိယူကရိန်းဆုံးရှုံးထားသည့် ပိုင်နက်နယ်မြေများကို ရုရှားထံပေးမှသာအခြားနည်းလမ်းဖြင့် အရွေ့တစ်ခုကိုစဉ်းစားမည်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here