မလေးရှားအပန်းဖြေစခန်းတစ်ခုအနီး မြေပြိုမှုဖြစ်ပွား၊ လူ ၁၃ ဦးသေဆုံး

0
234

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၆

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဂန်းတင်း တောင်ပေါ် အပန်းဖြေစခန်းအနီးရှိ အပျော်ခရီးထွက်သူများအတွက် စခန်းချရာနေရာတွင် ဒီဇင်ဘာလ ၁၆ ရက် သောကြာနေ့ နံနက်အစောပိုင်းက မြေပြိုခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြေပြိုမှုအတွင်း ပါသွားခဲ့သည့် လူ ၉၄ ဦးမှ ၆၀ ဦးကို ဘေးကင်းစွာ ပြန်လည် တွေ့ရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားခဲ့သည်။

သေဆုံးသူများမှာ မလေးရှားနိုင်ငံသားများဖြစ်ပြီး အသက်ငါးနှစ်ခန့် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း ခရိုင်ရဲမှူး ဆူဖီရန် အဘ်ဒူလာက ပြောသည်။

မြေပြိုမှုမှာ ဒေသစံတော်ချိန် နံနက် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်းနှင့် မြေသည် စခန်းချရာနေရာအထက် မီတာ ၃၀ ခန့်အမြင့်မှ ပြိုဆင်းလာခဲ့ခြင်းဖြစ်ပြီး ၁ ဧကနီးပါး ဖုံးလွှမ်းသွားကြောင်း ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး နိုရာဇမ် ခါမစ်က ပြောသည်။

မြေပြိုမှုသည် ကွာလာလမ်ပူမြို့တော်၏ မြောက်ဘက် ၅၀ ကီလိုမီတာခန့် အကွာရှိ ဘာတန် ကာလီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here