အောင်ပွဲခံနေသည့် ပြင်သစ်များအား ကားဖြင့်ဝင်တိုက်၊လူငယ်တစ်ဦးသေဆုံး

0
161

ပါရီ၊ဒီဇင်ဘာ ၁၆

ပြင်သစ်နိုင်ငံတောင်ပိုင်း မွန်ပဲလီးေယးမြို့၌ ပြင်သစ်အသင်း ဗိုလ်လုပွဲတက်သွားသည့်အတွက် အောင်ပွဲခံနေသည့်လူများအား ကားဖြင့်ပြင်းထန်စွာဝင်တိုက်မှုကြောင့် ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များကပြောကြားခဲ့သည်။

ယာဉ်ကို အနီးနားတွင်တွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့မှသံသယရှိသူအား ရှာဖွေဖော်ထုတ်ရန်ကြိုးပမ်းနေပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မွန်ပဲလီးယေး အစိုးရရှေ့နေရုံးမှသိရသည်။

တွစ်တာမှရုပ်သံဗီဒီယိုတစ်ခု၌ အဆိုပါယာဥ်သည် အောင်ပွဲခံနေသည့် လူအုပ်နား၌ အန္တရာယ်ဖြစ်အောင်မောင်းနှင်နေကြောင်းတွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် ရရှိ သည့်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရှိရသည်။

ထို့အပြင် မော်ရိုကိုနိုင်ငံသားများအများဆုံးရှိသည့် ပြင်သစ်၏ အိမ်နီးချင်း ဘယ်လ်ဂျီယမ်၏မြို့တော်တွင်လည်း ဘောလုံးပရိသတ်များက ရဲများအားမီးရှူးမီးပန်းများဖြင့်ပစ်ကာ ဆူပူမှု‌ကြောင့် ဘရပ်ဆဲလ်မြို့လယ်ရှိကားများပျက်စီးသွားခဲ့သည်ဟုသိရှိရသည်။

အဆိုပါဖြစ်စဥ်‌ကြောင့် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် လူ ၁၀၀ ခန့်အားဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဆေးဗန်ဒယ်ကီးယေး က ပြောကြားခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here