မန္တလေးနှင့်စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် စေတီပုထိုးတော်များနှင့်ရှေး ဟောင်းအဆောက်အဦးများအား အမြန်ဆုံးပြု ပြင်ထိန်းသိမ်းသွားမည်

0
368

မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်း၌ ဒီဇင်ဘာ ၁၅ ရက်နံနက်အစောပိုင်းက ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အင်အားအသင့်အတင်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် စေတီပုထိုးတော်များနှင့်ရှေးဟောင်းအ ဆောက်အဦးများတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊အင်းဝဒေသအတွင်း ဒေါ်ဂျမ်းဘုရားစုရှိ ဘုရား ၇ ဆူမှာ ထိခိုက်ခြင်း၊ အင်းဝစည်တိုပုံမြို့ရိုးအတွင်းရှိ သ စ္စာတိုက်(ရတနာဘုံမ်သာ)ဘုရားနှင့်မယ်နုအုတ်ကျောင်းမြောက်ဘက်ခြမ်းတို့အနည်းငယ်ထိခိုက် ခြင်း၊မန္တလေးမြို့ မြနန်းစံကျော်ရွှေနန်းတော်၊သစ်လတပ်ဝင်းအတွင်းရှိ ဒင်္ဂါးစက်ရုံတောင်ဘက်ခြမ်းအတွင်းခန်းနံရံအက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ဥပုသ်တော်ဆောင် အနောက်တောင်ထောင့်အတွင်းခန်းနံရံအက်ကွဲခြင်း၊မင်းတုန်းမင်း တရားကြီး အုတ်ဂူတော်ကြမ်းခင်းအက်ကွဲခြင်း၊နန်းခုံအပေါ်ရှိ အရှေ့ဘက်နှင့်မြောက်ဘက်ခြမ်းကြမ်းခင်းကွဲအက်ပျက်စီးခြင်း၊ဗားကရာ ကျောင်းတော်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းဘုရားဆင်းတုတော်များအနက် ၁၂ ဆူလဲကျထိခိုက်ခြင်းများဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊မင်းကွန်းဒေသရှိ မြသိန်းတန်စေတီ ၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ပြုတ်ကျခြင်း၊အဝင်မုခ်ဦးနှင့်သီတာခုနှစ်တန် တောင်ဘက်တို့၏ နံရံများအနည်းငယ်ကွာကျခြင်းများဖြစ်ပေါ်ခဲ့သည်။

ထို့အတူ တောင်ဘက်ရှိ ခြင်္သေ့ကြီး၏ လက် မောင်းရင်း ယခင်ပဲ့ထားသည့်နေရာမှ ထပ်မံ၍ အုတ်များပဲ့ကျခြင်း၊ စက်တော်ရာဘုရားမြောက်ဘက်အပေါ်ပိုင်းအက်ကွဲခြင်းနှင့်အင်္ဂတေပဲ့ကျခြင်းများဖြစ်ပွားခဲ့သည်ဟု ကနဦးစာရင်းများအရ သိရသည်။

ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စေတီပုထိုးတော်များနှင့်ရှေးဟောင်းအဆောက်အဦးများအား အမြန်ဆုံးပြန်လည်၍ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်သွားမည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here