သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကာမီးလောင်ကျွမ်း၊ထရန်စဖော်မာ ၃ လုံးပျက်စီး

0
493

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် ဒီဇင်ဘာ ၁၅ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားကာ ထရန်စဖော်မာ ၃ လုံးပျက်စီးခဲ့သည်ဟု သိရသည်။

ယင်းနေ့ည ၁ နာရီ ၄၀ မိနစ်ခန့်က သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအား လက်နက်ကိုင်အဖွဲ့ဝင်များက Drone ဖြင့်ဗုံးပစ်ချခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲကာ မီးလောင်မှုအား မြဝတီခရိုင်မီးသတ်စခန်း၊သင်္ကန်းညီနောင်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ဒီဇင်ဘာ ၁၆ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“လတ်တလောကတော့ မီးပြတ်နေတာပေါ့ဗျာ ဘယ်အချိန်ထိပျက်မလဲတော့မသိဘူး ပျက်စီးတာများတော့ ပြင်ဆင်ချိန်ကအတော်ကြာမယ်ထင်တယ် ထရန်စဖော်မာဆီတွေပါကျတော့ မီးငြှိမ်းသတ်ရတဲ့အချိန်ပိုကြာသွားတာပါ”ဟု သ င်္ကန်းညီနောင်အခြေစိုက် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ 230/66/ 11KV/50 MVA (၁၀×၁၀×၁၂)ထရန်စဖော်မာ ၁ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ထရန်စဖော်မာ ၂ လုံးမှာလည်း ဗုံးစများထိမှန်ခဲ့၍ ထရန်စဖော်မာဆီများ ယိုစိမ့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here