ရန်ကုန်မြို့၌ကျင်းပ​သောကာတာနိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ်တွင် နိုင်ငံခြားသံတမန်များစုံလင်စွာတက်​ရောက်

0
176

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ကာတာနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားအား ဒီဇင်ဘာ ၁၅ ရက်ည ၆ နာရီက ရန်ကုန်မြို့ Lotte Hotel တွင်ကျင်းပခဲ့သည်။

အခမ်းနားကိုမြန်မာနိုင်ငံတော်သီချင်းနှင့်ကာတာနိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ကာ မြန်မာ နိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှသံရုံးတာဝန်ခံ Dr. Rashid Abdulla AlKuwarl က ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်လည်း ကာတာနိုင်ငံ အ မျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့်မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံးမှသံရုံးတာဝန်ခံ Dr. Rashid Abdulla Al-Kuwarl တို့က ကာတာနိုင်ငံအမျိုးသားနေ့အထိမ်းအမှတ်ကိတ်အား လှီးဖြတ်ပေးခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးယာယီတာဝန်ခံများ၊ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here