လာမည့်ဆောင်းရာသီ၌ အမေရိကန်အရာရှိများကို ထိုင်ဝမ်သို့‌လွှတ်မည်ဟုဆို

0
186

တိုကျို၊ဒီဇင်ဘာ ၁၆

တရုတ်နိုင်ငံက တိုင်ပေအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားပေးရန်ကြိုးပမ်းသည့် အစီအစဉ်သစ်တစ်ခုအနေဖြင့် ထိုင်ဝမ်သို့ အမေရိကန်အစိုးရဝန်ထမ်းများအား နှစ်နှစ်ကြာစေလွှတ်ရန် စီစဉ်နေကြောင်းသိရှိရသည်။

အဆိုပါဝန်ထမ်းများသည် ၎င်းတို့၏ ဖဲလိုးရှစ် ပရိုဂရမ် ပထမနှစ်တွင် မန်ဒရင်းနှင့် အခြားသက်ဆိုင်ရာ ဘာသာရပ်များကို သင်ယူကြရမည်ဖြစ်ပြီး ကျန်တစ်နှစ်တွင် အစိုးရအေဂျင်စီ (သို့) လွှတ်တော်ရုံးနှင့် တစ်နှစ်တာလုပ်ဆောင်ရမည်ဖြစ်သည်။

အမေရိကအနေဖြင့် ယခင်ကတည်းကယခုကဲ့သို့ သင်တန်းစေလွှတ်မှုမျိုးလုပ်လေ့ရှိသော်လည်း ကာလရှည်အစီအစဉ်သည် ယခုပထမဆုံး အကြိမ်ဖြစ်သည်ဟုဆိုသည်။

ယခုအစီအစဉ်သည် နှစ်နိုင်ငံလုံးအတွက်အသိပညာ ဗဟုသုတ၊ယဉ်ကျေးမှု၊ကုန်သွယ်ရေးစသည့်နယ်ပယ်အသီးသီး၌ အကျိုးဖြစ်ထွန်းစေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းလာစေနိုင်သည်ဟု အထက်လွှတ်တော်အမတ် အက်ဒ်မာကီကပြောကြားခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသည် နှစ်နိုင်ငံ အပြန်အလှန်ဖလှယ်မှုကို အားပေးရန် အခြားခြေလှမ်းများလည်းလုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ထိုင်ဝမ်ခရီးသွားအက်ဥပဒေ၌ အစိုးရအဖွဲ့ဝင်များအပါအဝင်တာဝန်ရှိသူများက အမေရိကနှင့်ထိုင်ဝမ်အကြားလည်ပတ်သွားလာမှုကို အားပေးခဲ့သည်။

ယခင်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့် လူမှုဝန်‌ဆောင်ရေး ဝန်ကြီး အဲလက်စ် အဇာသည်လည်း ၂၀၂၀ ပြည့်နှစ်ကထိုင်ဝမ်သို့သွားရောက်ခဲ့ခြင်းဖြင့် တရုတ်နိုင်ငံအားဒေါသထွက်စေခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here