မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ တံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံရ တစ်ခြမ်းပိတ် ၍ ကားများကိုဖြတ်သန်းသွားလာခွင့်ပြု

0
519

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ- ကော့ကရိတ်သွားအာရှလမ်းမကြီးပေါ် တောနော်ရေတံခွန်အနီးရှိ တံတားတစ်စင်းသည် ဒီဇင်ဘာ ၁၆ ရက်(ယနေ့)နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတား၏အောက် ခြေတိုင်အချို့ပျက်စီးမှုများရှိနေကာ ဖြတ်သန်းသွားလာမည့်ကားများအား တံတားတစ်ခြမ်းကိုပိတ်၍ တစ်ခြမ်းမှသာဖြတ်သန်းစေလျက်ရှိကြောင်း သိရသည်။

“တံတားရဲ့တစ်ဘက်ခြမ်း ကော့ကရိတ်ဘက်ကနေမြဝတီဘက်ကိုသွားတဲ့အခြမ်းက ပေါက်ကွဲမှုဖြစ်တော့ ပျက်စီးသွားတယ် အဲဒီဘက်ခြမ်းက ချောက် တစ်ဘက်ခြမ်းကကြတော့ တောင်ကမ်း ပါးရံပါ”ဟု သင်္ဃန်းညီနောင်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိုင်းဖောက်ခွဲခံရမှုကြောင့် တံတား၏တစ်ဘက်ခြမ်းပျက်စီးခဲ့သော်လည်း လမ်းပိတ်ဆို့မှုမဖြစ်စေရန် တစ်ဖက်မှကားများအား ယာယီရပ်တန့်စေပြီး တစ်ဖက်မှကားများအား ဖြတ်သန်းသွားလာစေသည့်ပုံစံဖြင့် သွားလာနိုင်ရန်တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“အခု လမ်းမပိတ်အောင်တော့ တစ်ဖက်ပိတ်တစ် ဖက်ဖွင့်စနစ်နဲ့ဖြတ်ခိုင်းနေတယ် တံတားပေါ်ရောက်ရင်တော့ဖြည်းဖြည်းပဲမောင်းခိုင်းတာပေါ့ တံတားကိုပြင်ဆင်ဖို့အတွက်လည်း လုပ်နေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ဖြတ်သန်းခွင့်ပြုထားသော်လည်း တံတား ၏ကြံ့ခိုင်မှုမှာ စိတ်ချရသည့်အခြေအနေတွင်မရှိသဖြင့် အချို့ကားများသည် ဖြတ်သန်းခြင်းမပြုဘဲပြန်လှည့်သွားသည့်ကားများလည်းရှိနေကာ ကားကြီးများမှာလုံဝဖြတ်သန်းသွားလာခြင်းမရှိဘဲ ရပ်တန့်ထားရသည်ဟု သိရသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်တွင်လည်း ယနေ့နံ နက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားမှုများဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ်ခတ်မှုများနှင့်လက်နက်ကြီးပစ် ခတ်မှုများရှိနေသည်ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here