ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားနေ၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံ ဖောက်ခွဲခံရ၍ မြဝတီတစ်မြို့လုံးနှင့် အနီးပတ်ဝန်းကျင်မြို့များပါ မီးပျက်နေ

0
465

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားကာ ကော့ကရိတ် – မြဝတီ ဒေါနတောင်လမ်းရှိ တောနော်ရေတံခွန်အနီးရှိတံတားနှင့် သင်္ဃန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံရှိ ထရန်စဖော်မာများ ဗုံးထောင်ဖောက်ခွဲ ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လက်ရှိတွင် မြဝတီမြို့နယ်၊ကော့ ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး ပြတ်လည်ပြင်ဆင်ချိန် ကြာမြင့်ဦးမည်ဟု ဒေသခံများထံမှ သိရသ ည်။

” မနက် (၁) နာရီကျော်ကျော်က ဖြစ်တာပေါ့။ အခုချိန်ထိ ပြန်မလာသေးပါဘူး။ အခုတင်မဟုတ်ဘူး ။ ပြန်ပြီးပြင်ဖို့က အနည်းဆုံး ၅ လ ၆ လလောက်ကြာဦးမယ်ပြောတယ် ။ အခုတော့ အကုန်လုံး ဒုက္ခရောက်နေကြတာပေါ့ ။ မြဝတီ၊ သင်္ဃန်းညီနောင် ၊ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး ၊ ကျံဒိုး အကုန်လုံးပေါ့ ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသ ည်။

ယနေ့ နံနက်အစောပိုင်းတွင် မြန်မာ့တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအထိ ပစ်ခတ်မှုများရှိနေသေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားစဉ်အချိန်တွင် အာရှလမ်းသစ်ပေါ်ရှိ တောနော်ရေတံခွန်အနီး မိုင်တိုင် ၁၄၅ နှင့် ၁၄၆ အကြားရှိ တံတားအား ဗုံးထောင်ဖောက်ခွဲမှုကြောင့် တံ တားတစ်ခြမ်းနိမ့်သွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တံတား ပျက်ဆီးသွားသော်လည်း လက်ရှိတွ င် ပုံမှန်အတိုင်းသွားလာနေကြောင်း သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ကိုစိုးမိုးဌေးက ပြောသ ည်။

” တံတားကတော့ တစ်ခြမ်းနည်းနည်းဆောင်းသွားတယ်။ သွားတော့ သွားနေကြပါတယ် ။ အတက်အဆင်းရှိတယ်” ဟု ကိုစိုးမိုးဌေးက ပြောသည်။

အဆိုပါ တောနော်တံတားသည် ယခင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ဖောက်ခွဲဖျက်ဆီးခံထားရသည့် တံတား ဖြစ်ပြီး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရပါက လမ်းလွှဲမှသာ သွားလာခွင့်ပြုမည့် အခြေအနေမျိုး ရှိနေကြောင်း သိရသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here