သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှုနှင့် ပတ်သက်နေသည့် စာရွက်စာတမ်း များကို အများပြည်သူရှေ့ ချပြလာ

0
310

အမေရိကန်နိုင်ငံသည် သမ္မတ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်းနေသော စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့က လူသိရှင်ကြား ထုတ်ပြခဲ့သည်။

စာရွက်စာတမ်း စုစုပေါင်း ၁၃,၁၇၃ စောင်ကို လူသိရှင်ကြားချပြခဲ့ကြောင်း အမျိုးသား မော်ကွန်းတိုက်က ဆိုသည်။

ယခုလက်ရှိ ထုတ်ပြခဲ့သော စာရွက်စာတမ်းများအရ ကနေဒီ လုပ်ကြံခံရမှု မှတ်တမ်းများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်သူများ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်ဟု မော်ကွန်းတိုက်က ပြောသည်။

သို့ရာတွင် အမည် မ ေဖါ် ပြထားသော အေဂျင်စီများ၏ တောင်းဆိုချက်အရ ကန့်သတ်ထားသော စာရွက်စာတမ်းများကို ဆက်လက်သိမ်းဆည်းထားမည် ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က အမှာစာတွင် ရေးသားထားသည်။

“စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေး၊ ဥပဒေစိုးမိုးရေး ဒါမှမဟုတ် နိုင်ငံခြားဆက်ဆံရေး လုပ်ဆောင်ရာမှာ ကာကွယ်ဖို့အတွက် ဒီလို သတင်းအချက်အလက်တွေ လူသိရှင်ကြား ချပြတာမျိုးကို ယာယီ ဆက်လက် ရွှေ့ဆိုင်းထားဖို့ လိုအပ်ပါတယ်” ဟု ဘိုင်ဒင်က ဆိုသည်။

အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီသည် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တက်ဆပ်စ် ပြည်နယ် ဒါးလတ်စ်မြို့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here