တာချီလိတ်မြို့တွင် နိုင်ငံခြားသားတစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဟိုတယ်ပိုင်ရှင်မြန်မာ နိုင်ငံသားတစ်ဦးသေဆုံး

0
432

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မကာအိုခမ်းရပ် ကွက်တွင် ဒီဇင်ဘာ ၁၆ ရက်(ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီခန့်က တာချီလိတ်မြို့၊မကာဟိုခမ်းရပ်ကွက်၊ဂေါ်သဇင်လမ်းရှိ J My King Hoyel ဟိုတယ်ပိုင်ရှင် ဦးစိုင်းရှန်(၄၁)နှစ်အား ၎င်း၏လူယုံဖြစ်သူ ထိုင်ဝမ်နိုင်ငံသား
Mr Tseng Yi Chia(၂၉)နှစ်က သေနတ်ဖြင့်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုင်းရှန်၏ လည်ပင်းညာဘက်ခြမ်းမှဘယ်ဘက်ခြမ်းသို့ ကျည်ဖောက်ဝင်ဒဏ်ရာ၊ညာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ညာလက်ဖျံကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးစိုင်းရှန်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ထိုင်ဝမ်းနိုင်ငံသားသည် အခင်းဖြစ်နေရာမှထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်စဥ်၌ ပြစ်မှုကျူးလွန်သူ ထိုင်ဝမ်နိုင်ငံ သား၏အခန်းအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးရာ ပစ္စည်းထည့်သည့် ပလက်စတစ်ဗီဒို ၅ ထပ်ပါအတွင်းမှ ပစ္စတိုသေနတ်တစ်လက်နှင့်၎င်းကျည် ၁၇ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Photo-ကိုသားချော(မောမြေ)


LEAVE A REPLY

Please enter your comment!
Please enter your name here