တိုကျိုတွင် အရက်မူး၍ လမ်းပေါ် အိပ်သူများ ယာဉ်တိုက်ခံရကာ သေဆုံးနေကြကြောင်း တိုကျိုရဲတပ်ဖွဲ့က သတိပေး

0
200

တိုကျိုမြို့တွင် အရက်မူး၍ လမ်းပေါ်၌ အိပ်ပျော်နေစဉ် ယာဉ်တိုက်ခံရသောကြောင့် သေဆုံးလာသူ အရေအတွက်မှာ များပြားလာသဖြင့် မြို့တော်ရဲတပ်ဖွဲ့သည် ဒေသခံ ပြည်သူများအား ယခု အားလပ်ရက်ရာသီအတွင်း အရက်လျှော့သောက်ကြပါရန် တိုက်တွန်းနေကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေမှစ၍ ယခုနှစ်အတွင်း ထိုကဲ့သို့သော မတော်မဆမှုများကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း တိုကျိုရဲတပ်ဖွဲ့က မကြာသေးမီက တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

မြို့တော်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းမှာ အရက်မူး၍ လမ်းပေါ်၌ အိပ်ပျော်သွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“ဒါဟာ မနှစ်ကထက်စာရင် နှစ်ဆတိုးလာတာပါ၊ ဒါကြောင့် လမ်းသွားလမ်းလာတွေ အရက်ကို လျှော့သောက်ကြပါ” ဟူ၍ ရဲတပ်ဖွဲ့က တွစ်တာပေါ်တွင် သတိပေးထားသည်။

ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ညပိုင်း အရက်ဆိုင်နှင့် ဘားများ၌ လူပိုစည်လာသည့်အပြင် ပြည်သူများသည် နှစ်သစ် ကြိုဆိုပွဲများနှင့် ရုံးပါတီများကို တက်ရောက်ကြမည် ဖြစ်သဖြင့် သေဆုံးဦးရေ ထပ်မံတိုးလာမည်ကို ရဲတပ်ဖွဲ့များက စိုးရိမ်လျက်ရှိသည်။

ထို့ကဲ့သို့ သေဆုံးမှုများကို ကာကွယ်ရန်အတွက် ရဲဌာနသည် တိုကျိုမြို့အတွင်းရှိ တက္ကစီ ၆ သောင်းတွင် အရက်အလွန်အကျွံသောက်မှု အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်း‌ရေး သတိပေး ဗီယိုဖိုင်များကို ပြသခိုင်းမည် ဖြစ်ကြောင်း သိရသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here