ကိုယ်ပိုင်ကားအရှိန်မထိန်းနိုင်ဘဲ နေအိမ်ဝင်တိုက် ၍ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု လား ရှိုးမြို့တွင်ဖြစ်ပွား

0
251

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရပ်ကွက်(၇)တွင် ဒီဇင် ဘာ ၁၆ ရက်(ယနေ့)နေ့လည်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့-လားရှိုးမြို့မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က ကိုယ်ပိုင် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လားရှိုးမြို့၊ရပ်ကွက်(၇)၊ခိုင်ရွှေဝါလမ်း၊လမ်းသွယ်(၂၃)ထောင့်ရှိ နေအိမ်အား ဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့-လားရှိုးမြို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လားရှိုးပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြပြီးနောက် ခွဲစိတ်ကုသဆောင်သို့ ဆက်လက်ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အိမ်ထဲကိုကားကအရှိန်မထိန်းနိုင်ဘဲဝင်တိုက်လို့ လူတစ်ယောက်ဒဏ်ရာရနေတယ်ဆိုပြီး သတင်းဝင်လာတာနဲ့သွားပြီးကူညီပေးခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့-လားရှိုးမြို့


LEAVE A REPLY

Please enter your comment!
Please enter your name here