သကြားတင်ပို့မှုတားမြစ်ချက်အား ပါကစ္စတန်ရုပ်သိမ်း

0
175

အစ္စလာမာဘတ်၊ဒီဇင်ဘာ ၁၅

နိုင်ငံခြားအရန်ငွေကို မြှင့်တင်ရန်ရည်ရွယ်လျက် ပါကစ္စတန်အစိုးရက သကြားတင်ပို့မှုတားမြစ်ချက်အား ရုပ်သိမ်းလိုက်ကြောင်း အစိုးရသတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ယခုဆုံးဖြတ်ချက်အား ဘဏ္ဍာရေးဝန်ကြီး အီရှက်ဒါး ဦးဆောင်သော စီးပွားရေးညှိနှိုင်းမှုကော်မတီ (အီးစီစီ)က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အီးစီစီက အခြေအနေကို နှစ်ပတ်ကြာသုံးသပ်သွားမည်ဖြစ်ပြီး သကြားတန်ချိန် ၁၀၀,၀၀၀ အထိ တင်ပို့ခွင့်ပြုမည်ဟုလည်းသိရှိရသည်။

သို့သော် ယင်းသို့တင်ပို့မှုကြောင့် ပြည်တွင်းဈေးကွက်၌ သကြားဈေးသည် အနည်းဆုံး ဇန်နဝါရီလ ၃၁ ရက်အထိ တိုးမည်မဟုတ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် သွင်းကုန်တစ်လစာ ကာမိရန်လုံလောက်ရုံမျှသာရှိပြီး ဒေါ်လာ ၆ ဒသမ ၇  ဘီလျံအထိ နိမ့်ကျသွားသော နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကို မြှင့်တင်ရန်ရည်ရွယ်သည်ဟုအစိုးရသတင်းရင်းမြစ်များကဆိုသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here