ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားအတွက် လျော်ကြေးငွေရယူရန်အတွက် မိသားစု၀င်များ ဆက်သွယ်ရန် မြန်မာသံရုံးအသိပေး

0
247

ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားအတွက် လျော်ကြေးငွေရယူရန်အတွက် မိသားစု၀င်များ ဆက်သွယ်ရန် ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးလာသည်။

ထိုင်းနိုင်ငံ Angthong ခရိုင်၊ Chaiyo မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နို၀င်ဘာ ၂၄ ရက်က ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်း စောထူးအေး (ခ) နိုင်းဝေ့ (ပန်းရောင်ကဒ် အမှတ်-00-1502-100001-2) အတွက် လျော်ကြေးကိစ္စများဆောင်ရွက်ရန်နှင့် လျော်ကြေးငွေလက်ခံရန် Chaiyo ရဲစခန်းမှ အကြောင်းကြားလာသည်ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကဆိုသည်။

ထို့ကြောင့် စောထူးအေး (အမှတ် (၄)၊ အစု (၂)၊ လက်ဖားရပ်ကွက်၊ ချိုင်ရိုးမြို့နယ်၊ အန်ထောင်းခရိုင်) နှင့် အတူနေထိုင်ခဲ့သော သူငယ်ချင်း/ မိတ်ဆွေများအနေဖြင့် စောထူးအေး၏ မြန်မာနိုင်ငံ၌ နေထိုင်သည့် နေရပ်လိပ်စာ၊ မိဘအမည်များ၊ ဆွေမျိုးသားချင်းများ၊ ဖုန်းနံပါတ် များကို သိရှိပါက မြန်မာသံရုံး၏ တယ်လီဖုန်း (၀၉၄၈၀၄၃၂၇၆) သို့ အကြောင်းကြား အကူအညီပေးရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here