ဦးကျော်မိုးထွန်း၏ ပြောဆိုဖြေကြားချက်နှင့်လုပ် ကိုင်ဆောင်ရွက်ချက်များသည် နစက နှင့်မည်သို့မှပတ်သက်မှုမရှိဟု ထုတ်ပြန်

0
256

တည်ဆဲအစိုးရ၏ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုမူခြင်းများရှိခဲ့၍ နိုင်ငံဝန်ထမ်းအ ဖြစ်မှထုတ်ပစ်ခဲ့ပြီးဖြစ်သည့် ဦးကျော်မိုးထွန်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မိုးထွန်းသည် NUG , CRPH , PDF အဖွဲ့တို့နှင့်သာတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ကိုယ်စားပြုသူဖြစ်၍ ၎င်း၏ ပြောဆိုဖြေကြားချက် လုပ်ကိုင်ဆောင်ရွက်ချက်များအားလုံးသည် နစက နှင့်မည်သို့မျှပတ်သက်မှုမရှိဘဲ NUG , CRPH , PDF အဖွဲ့တို့ကိုသာကိုယ်စားပြုသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကုလသမဂ္ဂ၏ ဦးကျော်မိုးထွန်းနှင့်ပတ်သက်၍ သဘောတူသည့်အကြောင်းအရာအချက်အလက်များသည် NUG , CRPH , PDF အဖွဲ့တို့အားကိုယ်စားပြုသူတစ်ဦးအပေါ် လုပ်ဆောင်နေခြင်းဖြစ်၍ နိုင်ငံများယုံကြည်ကိုးစားရာဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းကြီးသည် အကြမ်းဖက်မှုအပေါ် အားပေးသက်ရောက်ရာဖြစ်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အပိုဒ် (၁)နှင့်အပိုဒ်(၂)၏ အပိုဒ်ခွဲ(၁)တွင်“ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှာ အချုပ်အခြာအာဏာအရာ၌ တူညီကြသည်”ဟူသောမူပေါ်တွင် အခြေခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကိုဖွဲ့စည်းသည်။

အပိုဒ်ငယ်(၇)တွင်“နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီ ရင်ပိုင်ခွင့်အာဏာတွင်း၌ သက်ရောက်သောကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိစေရ”၊ အပိုဒ်(၆)တွင် ကုလသမဂ္ဂ၏လုပ်ဆောင်နိုင်မှုများနှင့်ပတ်သက်၍ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု နစက ကဆိုသည်။

ထို့ကြောင့် လက်ရှိကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ လုပ်ဆောင်မှုများသည် ပြဋ္ဌာန်းထားသည့် ပဋိ ညာဉ်များနှင့်သွေဖည်မျက်ကွယ်ပြုချိုးဖောက်ရာသို့ရောက်ရှိနေသည်ဟု နစက ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအ ဖွဲ့အစည်းကြီး၏ မိသားစုအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံပီပီ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ပဋိ ညာဉ်စာချုပ်များအပေါ် မသွေမဖည်မျက်ကွယ်မပြုဘဲ ဆက်လက်လိုက်နာသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here