စင်္ကာပူချန်ဂီလေဆိပ်တွင် အ‌လိုအလျောက်လဝကစစ်ဆေးမှုစနစ်အား စတင်ဖွင့်လှစ်အသုံးပြု

0
123

စင်္ကာပူ၊ဒီဇင်ဘာ ၁၆

စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ သတ်မှတ်ထားသူများသာသီးသန့်အသုံးပြုနိုင်မည့် အလိုအ‌လျောက် လဝက စစ်ဆေးသည့်စနစ်အား စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါစနစ်တွင် ဘီးတပ်ကုလားထိုင်အသုံးပြုရသူများ၊ကလေးငယ်နှင့် သက်ကြီးရွယ်အိုများပါသည့်မိသားစုများပါဝင်အသုံးပြုနိုင်မည်ဖြစ်ကာ မိသားစုဝင်လေးဦးအထိ ဖြတ်သန်းခွင့်ရှိကြောင်းလည်းသိရှိရသည်။

ယခုစနစ်ကြောင့် စင်္ကာပူသည် ကမ္ဘာပေါ်၌ ခရီးသွားအများအပြားကို အလိုအလျောက်လဝကစစ်ဆေးနိုင်သည့် ပထမဆုံးနိုင်ငံဖြစ်လာစေသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (ICA) က ဒီဇင်ဘာ ၁၆ ရက် သတင်းထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

Special Assistance Lanes ဟုခေါ်သော အလိုအလျောက်စစ်‌ဆေးမှုတွင် မျက်လုံးနှင့် မျက်နှာစကင်န်များကဲ့သို့ အမှတ်အသားများအား အလိုအလျောက်စစ်ဆေးကာ လဝကစစ်ဆေးမှုကို ကိုယ်တိုင်ပြုလုပ်နိုင်မည်ဖြစ်သည်။

စင်္ကာပူ၌နေထိုင်သူများ၊အမြဲတမ်းနေထိုင်သူများနှင့် ရေရှည်ဖြတ်သန်းခွင့် ကိုင်ဆောင်ထားသူများသာ ဤလမ်းသွယ်များကို ယခုလောလောဆယ် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော နိုင်ငံခြားဧည့်သည်များအ‌နေဖြင့် ၂၀၂၃ ခုနှစ်မတ်လမှစ၍အသုံးပြုနိုင်မည်ဟုသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here