ကမ္ဘာ့ဖလားဘောလုံးဖိုင်နယ်ပွဲတွင် ဇယ်လန်းစကီးက မိန့်ခွန်းပြောခွင့်တောင်းဆိုမှု FIFA ပယ်ချ

0
255

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးဖိုင်နယ်ပွဲ မကန်မီတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မိန့်ခွန်းတစ်ခုပြောကြားလိုကြောင်း တောင်းဆိုလာမှုကို FIFA အဖွဲ့ချုပ်က ပယ်ချလိုက်ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နက်ဖြန် တနင်္ဂနွေနေ့တွင် ကန်မည့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးဖိုင်နယ်ပွဲ မကန်မီတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်မေတ္တာရပ်ခံတောင်းဆိုချက်တစ်ရပ်ကို ဇယ်လန်းစကီးက ပြောကြားလိုကြောင်း FIFA သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဇယ်လန်းစကီး သည် အစ္စရေးပါလီမန်၊ အမေရိကန်လွှတ်တော်အစည်းအဝေး၊ ဂရမ်မီဆုပေးပွဲများ၊ Cannes ရုပ်ရှင်ပွဲတော်နှင့် G20 ထိပ်သီးအစည်းအဝေးများအပါအဝင် အချို့သော အစိုးရနှင့် ယဉ်ကျေးမှုဆိုင်ရာပွဲများတွင် ကမ္ဘာ့စင်မြင့်ပေါ်၌ ငြိမ်းချမ်းရေးအတွက် အကူအညီပေးကြပါရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

FIFA ကမူ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် နိုင်ငံရေးကိစ္စရပ်များကို ရှောင်ရှားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here