အီးယူသည် ယူကရိန်းစစ်ပွဲအတွင်း အရှေ့တောင်အာရှနှင့်ပြန်လည်ချိတ်ဆက်လိုသည်ဟုဆို

0
129

အီးယူခေါင်းဆောင်များသည် ယူကရိန်းစစ်နှင့်တရုတ်နိုင်ငံ၏စိန်ခေါ်မှုများေကြာင့်အာဆီယံနှင့်ဆက်ဆံရေးတိုးမြှင့်ရန် ဘရပ်ဆဲလ်ရှိထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ကမ္ဘာ့စီးပွါးရေးတိုးတက်မှုအမြန်ဆုံးဒေသအဖြစ် သတ်မှတ်ခံထားရသည့်အာဆီယံနှင့်ကုန်သွယ်မှုမြှင့်တင်ရန် အီးယူစိတ်အားထက်သန်နေသည်ဟုသိရှိရသည်။

“ကမ္ဘာ့ပြောင်းလဲမှုအားအကောင်းဆုံးနယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ အာဆီယံနဲ့ ပြန်လည်ချိတ်ဆက်ဖို့ ဥရောပအတွက်လိုအပ်နေပါတယ်” ဟု လည်းပြင်သစ်သမ္မတကပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးက တစ်ကမ္ဘာလုံးသို့ စီးပွားရေးနှင့်နိုင်ငံရေးရိုက်ခတ်မှုများဖြစ်ပေါ်စေသဖြင့် အီးယူသည် ရုရှားဆန့်ကျင်ရေး အားကောင်းလာစေရန်အတွက် ကျန်နိုင်ငံများနှင့်သံတမန်ရေးအားဦးစားပေးဆောင်ရွက်လျက်ရှိသည်။

သို့သော်အာဆီယံဆယ်နိုင်ငံသည် ကိဗ်နှင့်ခရင်မလင်အရေး၌ ထောက်ခံမှုနှစ်ပိုင်းကွဲလျက်ရှိသည်။စင်္ကာပူသည် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့်အတူ လိုက်ပါဆောင်ရွက်နေပြီး မော်စကိုနှင့် နီးကပ်သောစစ်ရေးဆက်ဆံမှုရှိသည့် ဗီယက်နမ်နှင့်လာအိုတို့ကမူ ဝေဖန်ခြင်းမပြုပဲကြားနေခဲ့သည်။

အောက်တိုဘာလက ကုလသမဂ္ဂကရုရှားအား ရှုံ့ချရန်မဲခွဲဆုံးဖြတ်ရာတွင်လည်း ထိုင်းနှင့်အတူဗီယက်နမ်နှင့်လာအိုတို့က မဲမပေးခဲ့ပဲကြားနေခဲ့ကြသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here