ယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းကို ရုရှားဒုံးကျည်များထိမှန်ပြီးနောက် လျှပ်စစ်ဓာတ်အား ကြာမြင့်စွာပြတ်တောက်မည်ဟု စွမ်းအင်ဝန်ကြီးဌာနကြေညာ

0
135

ရုရှားပစ်ခတ်ခဲ့သော ဒုံးကျည်များ ယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းစနစ်ကို သောကြာနေ့က ထိမှန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းဒေသများတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုကို အချိန်ကြာမြင့်စွာ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ကြေညာသည်။

ထို့ကြောင့် ယူကရိန်းမြို့အတော်များများမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိပြီး ရေပေးဝေရေးစနစ်နှင့် အပူပေးစနစ်များပါ ပြတ်တောက်နေလျှက်ရှိသည်။ ထို့ကြောင့် အပူဓာတ်ရရှိစေရန်အတွက် မြေအောက်ဘူတာရုံများတွင် လာရောက်ခိုလှုံသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကိဗ်မြို့တွင်နေထိုင်သူ သုံးပုံတစ်ပုံခန့်သာလျှင် အပူနှင့်ရေတို့ရရှိကြောင်း မြို့တော်ဝန်ကပြောကြားသည်။ ထို့ကြောင့် ယူကရိန်းနိုင်ငံရှိ ဆေးရုံများ၊ အပူပေးစနစ်များနှင့် အခြားအရေးကြီးသော အခြေခံအဆောက်အအုံများသို့ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေလျှက်ရှိသည်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပျက်စီးမှုပမာဏသည် ယခင်တိုက်ခိုက်မှုများအပြီးထက်ပိုမိုများပြားသဖြင့် ယင်းတို့ကို ပြန်လည်ပြင်ဆင်ရမည့် အချိန်မှာလည်း ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း ယူကရိန်းလျှပ်စစ်ဓာတ်အားဌာနကဆိုသည်။

ထို့ကြောင့် အရေးပါသော အခြေခံအဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိစေရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here