ရေးမြို့တွင် ၁ နာရီခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့

0
99

မွန်ပြည်နယ်၊ရေးမြို့၊အဏ္ဏဝါရပ်ကွက်တွင် ဒီဇင် ဘာ ၁၇ ရက်ညပိုင်းက ၁ နာရီခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၇ နာရီ ၃၃ မိနစ်က ရေးမြို့၊အဏ္ဏဝါရပ်ကွက်၊ရွှေလီလမ်းတွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရေးမြို့နယ်မီးသတ်စခန်း၊ရန်ကြီးအောင်အရန်မီးသတ်စခန်း၊အောင်မေတ္တာအရန်မီးသတ်စခန်း၊အောင်မင်္ဂလာအရန်မီးသတ်စခန်း၊မြို့တော်စည်ပင်နှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြသည်။

ထို့ကြောင့် ည ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သဖြင့် မီးလောင်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့လူတော့မရှိပါဘူး မီးခိုးမွှန်တာလောက်ပဲရှိတယ် ပျက်စီးမှုများတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here