ယူဂန်ဒါတွင် ၂ နှစ်သားအရွယ် ကောင်လေး ရေမြင်း အမြိုခံရ၊ အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာ

0
253

ယူဂန်ဒါနိုင်ငံရှိ အသက် ၂ နှစ်အရွယ် ပေါလ် အီဂါ ဆိုသူသည် သူ၏ အိမ်အနီးနားတွင် ကစားနေစဉ် ရေမြင်းတစ်ကောင်၏ မျိုချခြင်းကို ခံခဲ့ရာမှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ပေါလ်သည် အက်ဒ်ဝပ် ရေအိုင် အစွန်းမှ ကိုက်ရှစ်ရာ အကွာတွင် ရေမြင်း၏ မျိုချခြင်းကို ခံခဲ့ရသည်။

ရေမြင်းသည် ကောင်ကလေးအား ဦးခေါင်းမှ ဖမ်းဆွဲ၍ စတင်မျိုချခဲ့ရာ ခန္ဓာကိုယ်တစ်ဝက်လောက် ပါးစပ်ထဲရောက်ပြီးမှ ဒေသခံ တစ်ဦး စတင်သတိထားမိပြီး ခဲများနှင့် ပစ်ပေါက်ကာ ကယ်ဆယ်ရန် ကြိုးစားခဲ့သည်ဟု ဒေးလီး တယ်လီဂရပ် သတင်းဌာနက ဖော်ပြထားသည်။

ထိုသို့ ခဲများနှင့် ပစ်ပေါက်ခဲ့မှုကြောင့် အဆိုပါ ရေမြင်းမှာ ထိတ်လန့်သွားပုံရပြီး ရေထဲသို့ ပြန်မဆင်းမီ ကလေးငယ်အား ပြန်အန်ထုတ်ခဲ့ကြောင်း သိရသည်။

ပေါလ်သည် အံအားသင့်ဖွယ် အသက်ရှင်နေခဲ့ပြီး သူ့က်ိုဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

“ဒါဟာ အက်ဒ်ဝပ် ရေအိုင်ကနေ ရေမြင်းတစ်ကောင် လမ်းလွဲလာပြီး ကလေးငယ်ကို တိုက်ခိုက်တဲ့ ပထမဆုံး အဖြစ်အပျက်မျိုးပါ” ဟု ယူဂန်ဒါ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရေမြင်းများသည် ကမ္ဘာပေါ်တွင် အသက်အန္တရာယ်အရှိဆုံး ကုန်းနေနို့တိုက် သတ္တဝါများဖြစ်ပြီး ၎င်းကြောင့် အာဖရိကတိုက်တွင် တစ်နှစ်လျှင် လူ ငါးရာ ခန့် သေဆုံးလျက်ရှိသည်ဟု ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။

Source: Daily mail


LEAVE A REPLY

Please enter your comment!
Please enter your name here