ကမ္ဘောဒီးယားပညာရေးကဏ္ဍမြှင့်တင်ရန် အီးယူကဒေါ်လာ ၃၁ ဘီလျံလှူဒါန်း

0
174

ကမ္ဘောဒီးယား ပညာရေးကဏ္ဍအား ဆက်လက်ပံ့ပိုးကူညီရန်အတွက် ဒေါ်လာ ၃၁ ဘီလျံ (ယူရို ၂၉ ဘီလျံ) အကူအညီကို အီးယူကအတည်ပြုခဲ့ကြောင်းသိရှိရသည်။

အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ဘွဲ့နှင်းသဘင်အစီအစဉ်များအား ၂၀၂၇ ခုနှစ်တွင် ပံ့ပိုးပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနက ယမန်နေ့ကအတည်ပြုခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် အာဆီယံ-အီးယူ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် အဆိုပါဆုံးဖြတ်ချက်များအား ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရပ်ဆိုးခွန်သည် ကမ္ဘောဒီးယားနှင့်အီးယူ၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘောဒီးယား၏လူမှုရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အီးယူ၏အရေးပါသော ပံ့ပိုးကူညီမှုများကိုလည်းချီးကျူးဂုဏ်ပြုခဲ့သည်။

အီးယူဘက်မှလည်း စိန်ခေါ်မှုများသောယခုနှစ်တွင်ကမ္ဘောဒီးယား၏အာဆီယံဥက္ကဌအဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများအား အသိအမှတ်ပြုချီးကျူးခဲ့သည်။

Source : MFA


LEAVE A REPLY

Please enter your comment!
Please enter your name here