လှည်းတန်းရှိ အင်းစိန်လမ်းမပေါ်တွင် အမျိုးသမီးကြီးတစ်ဦးကားတိုက်ခံရပြီးသေဆုံး ဝင်တိုက်သည့်ကားမောင်းနှင်ထွက်ပြေး

0
244

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊လှည်းတန်းရှိ အင်းစိန်လမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁၇ ရက်ညပိုင်းက အမျိုးသမီးကြီးတစ်ဦးကားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီခွဲကျော်ခန့်က အင်းစိန်လမ်းမကြီးပေါ် စံရိပ်ငြိမ်(၄)လမ်းအနီးတွင် ကားတစ်စီးမှအမျိုးသမီးကြီးတစ်ဦးအားတိုက်မိခဲ့ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်မိတဲ့အရှိန်က တော်တော်ပြင်းတယ်ဗျ တစ် ဖက်ကားလမ်းကတိုက်တာကို တစ်ဖက်ခြမ်းကားလမ်းအထိရောက်သွားတယ် တိုက်သွားတဲ့ကားက အိမ်စီးကားလို့တော့သိထားတာပဲ ကိုယ့်ကြောင့်ဖြစ်တာကိုပြန်မကြည့်ဘဲ အခုလိုမောင်းပြေးတာတော့မကောင်းဘူးပေါ့ဗျာ”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ကားတိုက်ခံရသည့်အရှိန်ကြောင့် အမျိုးသမီးကြီးသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများက အခင်းဖြစ်စဥ်အားလာရောက်စစ်ဆေး၍ အမျိုးသမီးကြီးအား ဝင်တိုက်ကာမောင်းနှင်ထွက်ပြေးသွားခဲ့သည့် ကားအမျိုးအစားနှင့်ကားနံပါတ်အား သိရှိခဲ့သဖြင့် စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here