မြဝတီမြို့တွင် ပျောက်ဆုံးနေသည့် ကလေးငယ်၏ မိခင်ဖြစ်သူ သားပျောက်သည့်စိတ်ဖြင့် ကွယ်လွန်

0
242

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် ၊ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ပျောက်ဆုံးသွားသည့် အသက် (၇) နှစ်အရွယ် ကလေးငယ်၏ မိခင်သည် ယမန် နေ့ မွန်းလွဲ (၃) နာရီဝန်းကျင်က ကွယ်လွန်သွားကြောင်း သိရသည်။

မြဝတီမြို့ ၊ အမှတ် (၄) ရပ်ကွက်၊ ရွှေဘုန်းပွင့် (၁၉) လမ်း တွင် နေထိုင်သည့် အသက် (၇) နှစ်အရွယ် မောင်ချစ်ချစ်တုန်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် တနင်္ဂနွေနေ့ နေ့ လယ် (၁၂) နာရီဝန်းကျင်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဖခင်ဖြစ်သူက ပေါ်ပြူလာနယူး (စ်) သို့ ပြောသ ည်။

” ဒီနေ့ဆို တစ်ပတ်ပြည့်ပြီပေါ့နော်။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပျောက်တာ။ တနင်္ဂနွေနေ့ နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ကြားမှာ ပျောက်တာ ” ဟု မောင်ချစ်ချစ်တုန်၏ ဖခင်ဖြစ်သူက ပြောသည်။

ကလေးငယ်၏ မိခင်ဖြစ်သူမှာ နာမကျန်းဖြစ်နေရာမှ သားငယ်ပျောက်ဆုံးသည့် စိတ်ဖြင့် ယမန်နေ့ မွန်းလွဲ (၃) နာရီဝန်းကျင်က နေအိမ်၌ပင် ကွန်လွန်သွားခဲ့ခြင်းဖြစ်ပြီး (၃) ရက်ထား၍ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်ပျောက်ဆုံးမှုအတွက် ထိုင်း – မြ န်မာ နယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များထံ သတင်းပို့အကြောင်းထားပြီး ကလေးငယ်နှင့် ပတ်သက်သည့် သတင်းအစအနပင်မရသေးကြောင်း သိရသည်။

” ဂိတ်တွေက ဘယ်လိုမျိုးလဲဆိုတော့ ဖြတ်မှ မိမှာပေါ့နော်။ ဖြတ်တဲ့အချိန်မှာ သူတို့ ဟိုဘက်ကမ်းကို ခိုးကူးပြီဆိုရင်မိမှာပေါ့။ အဲကျရင် သူတို့ကိုယ့်ကိုအကြောင်းကြား မှာပေါ့။ ဖြတ်လို့မရအောင် တားတာပါ။ ဂိတ်ကိုအကြော င်းကြားတယ်ဆိုတာ ကျွန်တော်တို့က လိုက်ဖမ်းခိုင်းတာမဟုတ်ဘူး။ ဒီကလေးကို သိနေတဲ့အတွက် ထွက်လို့မရ အောင်ပေါ့ အစ်ကိုရယ်” ဟု ကလေး၏ ဖခင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် ကလေးငယ် ပျောက်ဆုံးမှုအတွက် ဗေဒင်ဆရာများ၏ ဟောကြားမှုများအရ ကျလးငယ်ရှိနေနိုင်သည့် နေရာများအားလိုက်လံ ရှာဖွေခဲ့သော်လည်း ပြန် လည်တွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ မောင်ချစ်ချစ်တုန် ပျောက်ဆုံးသည့် နေ့၌ပင် မန္တ လေးမြို့တွင်လည်း အသက် (၅) နှစ်ဝန်းကျင် ကလေးင ယ်တစ်ဦးနှင့် အသက်(၁၂) နှစ်အရွယ် ကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး လက်ရှိတွင် (၂) ဦးစလုံးကို ပြန်လည်ရှာ ဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပျောက်ဆုံးနေဆဲဖြစ်သည့် မြဝတီမြို့ ၊ အ မှတ် (၄) ရပ်ကွက်၊ ရွှေဘုန်းပွင့် (၁၉) လမ်းတွင် နေထိုင်သည့် သားငယ် မောင်ချစ်ချစ်တုန်အား ပြန်လည်တွေ့ရှိနိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန်နှင့် တွေ့ရှိခဲ့ပါက ဖခင်ဖြစ်သူ၏ တယ်လီဖုန်းနံပါတ် 09697863845 သို့ ဆက်သွယ်အကြောင်းကြားပေးကြရန် အကူညီတောင်းခံလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here