မလေးရှားနှင့်တရုတ်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် အဆင်သင့်ဖြစ်နေဟုဆို

0
137

တရုတ်အစိုးရသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန်အတွက် မလေးရှားအစိုးရသစ်နှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း နိုင်ငံတော်ကောင်စီဝင်,နိုင်ငံခြားရေးဝန်ကြီး နှင့်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် မစ္စတာဝမ်ယိကပြောကြားခဲ့သည်။

မစ္စတာဝမ်သည်ဒီဇင်ဘာအစောပိုင်းတွင် ရာထူးတာဝန်ရယူခဲ့သော မလေးနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဘ်ဒူကဒီယာနှင့် အွန်လိုင်းမှတွေ့ဆုံမှုတွင် ယခုခဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုတွင်ကျရောက်မည့် တရုတ်-မလေး ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေး ၁၀ နှစ်ပြည့်နှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်းလည်းပြောကြားခဲ့သည်။

မလေးရှားဘက်မှလည်း မစ္စတာဇမ်ဘရီက တရုတ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်ရန် မလေးရှားအစိုးရအသစ်သည် အဆင်သင့်ရှိနေပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်နှင့် အပြန်အလှန်ဖလှယ်မှုများအားကောင်းလာစေရန် ဆန္ဒရှိသည်ဟုလည်းထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းအပြင်ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာအပါအဝင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် လေးလေးနက်နက်ဆောင်ရွက်ရန်ရှိသည်ဟုလည်းပြောကြားခဲ့သည်။

မလေးရှားသည် အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးကိုပါ ပူးတွဲထိန်းသိမ်းနိုင်ဖို့ တရုတ်နှင့်လက်တွဲလုပ်ဆောင်ရန်ဆန္ဒရှိကြောင်းလည်း ၎င်းကထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

Source : China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here