မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် စကိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလေးငယ် နှစ်ဦး ရွှေတံဆိပ် ၄ ခုရရှိခဲ့

0
202

မလေးရှားနိုင်ငံတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) ကကျင်းပခဲ့သည့် စကိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလေးငယ် နှစ်ဦးသည်ရွှေတံဆိပ် ၄ ခုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းထံမှ သိရသည်။

Melaka Inline Speed Open 2022 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လှိုင်သာယာ သူရဲကောင်းလေးများအသင်းမှ မောင်နှမ ဖြစ်သော မောင်အင်အား (၁၃ နှစ်) နှင့် မမေခွန်အား (၁၂ နှစ်) တို့ ၂ ဦးတို့သည် တာတို မီတာ ၂၀၀ ပြိုင်ပွဲနှင့် တာဝေး မီတာ ၈၀၀ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၄ ခု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပြိုင််ပွဲကို မလေးရှားစကိတ်အဖွဲ့ချုပ်၏ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံစကိတ်အဖွဲ့အစည်းဥက္ကဌ နှင့် ၎င်း တို့ကိို ချစ်ခင်သော ပံ့ပိုးသူများ၏ စားရိတ်သက်သက်ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here