မန္တလေးတိုင်းရှိ မြို့နယ် ၂ ခုတွင် အမျိုးသား၊အ မျိုးသမီး ၆ ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

0
176

မန္တလေးတိုင်း၊အမရပူရနှင့်ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ဒီဇင်ဘာ ၁၆ ရက်က အမျိုးသား၊အမျိုးသမီး ၆ ဦးတို့ထံမှ စိတ်ကြွဆေးပြား၊စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲ တပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ အမရပူရမြို့နယ်၊စောက်တောဝကျေးရွာအနီးတွင် ဒေါ်တွမ်အားလန်(ခ)ရှမ်းမ မောင်းကာ ဒေါ်သန်းမြိုင်လိုက်လာသည့် ဆိုင်ကယ်နှင့်အောင်အောင်(ခ)ရှမ်းလေး မောင်းကာ နိုင်လင်း လိုက်လာသည့် ဆိုင်ကယ်တို့အားစစ်ဆေးရှာခဲ့ကြသည်။

၎င်းတို့ ၄ ဦးအား စိတ်ကြွဆေးပြား ၅၈၅၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ဆက် စပ်ပြစ်မှုကျူးလွန်သူဖြစ်သည့် ဇော်လတ်အား နေ့လည် ၃ နာရီ ၄၅ မိနစ်၌ ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊ ၆၃ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်း ကြား၌ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေ ၄ နာရီ၌ ဇော်လတ်နေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၉၇၅၀ ပြား၊စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း ၀ ဒသမ ၄ ကီလို)အား သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ညနေ ၅ နာရီတွင်လည်း ဆက်စပ်ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ဒေါ်နန်းခိုင်ဦးအား အောင်မြေသာစံမြို့နယ်၊ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၆ A လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ နေအိမ်မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အ ရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here