ဂျပန်ဝန်ကြီးချုပ်သည် ကန်သမ္မတဘိုင်ဒင်နှင့်ကာကွယ်ရေးဆွေးနွေး ရေးအတွက် အမေရိကသို့လာရောက်ရန် မျှော်မှန်း

0
134

တိုကျို၊ဒီဇင်ဘာ ၁၈

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ကာကွယ်ရေးကိစ္စဆွေးနွေးရန်အတွက် လာမည့်ဇန်နဝါရီလတွင် အမေရိကသို့သွားရောက်ရန်ရည်ရွယ်ထားကြောင်း နစ်ကေး အေးရှတင်းဌာနမှသိရှိရသည်။

၎င်းတို့နှစ်ဦးတွေ့ဆုံမှုတွင် ဝန်ကြီးချုပ်ကီရှီဒါ၏ဂျပန်ကာကွယ်ရေးစွမ်းရည်ပိုမိုအားကောင်းစေမည့် အစီအစဉ်အားဦးစားပေးဆွေးနွေးသွားမည်ဖြစ်ပြီး မကြာသေးမီကပြဌာန်းထားသောကာကွယ်ရေးဥပဒေအရ တရုတ်နိုင်ငံအား မကြုံဖူးသေးသည့် မဟာဗျူဟာမြောက်စိန်ခေါ်မှုတစ်ရပ်အဖြစ်သတ်မှတ်ကာ ဒုံးကျည်ထုတ်လုပ်မှုများတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လည်းဆုံးဖြတ်ခဲ့သည်။

ယခုတွေ့ဆုံမှု၌ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါအနေဖြင့် ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ ကာကွ ယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ရန် ရည်ရွယ်ချက်ပါဝင်သည့် ကာကွယ်ရေးမူဝါဒ ကိုပြန်လည်သုံးသပ်မှုအား ပြုလုပ်ရန်မျှော်လင့်ရသည်။

“ကျွန်တော်တို့အနေနဲ့ ဂျပန်-အမေရိက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုမြှင့်တင်ပြီး  တုံ့ပြန်နိုင်စွမ်းကိုပိုမိုခိုင်မာစေမည်” ဟု ကီရှီဒါကပြောကြားခဲ့ပြီး အမေရိကအနေဖြင့် ယခုကဲ့သို့အရေးကြီးသောကာလတွင် ဂျပန်နှင့်အတူရပ်တည်နေကြောင်းကိုလည်း သမ္မတဂျိုးဘိုင်ဒင်ကတွစ်တာ၌ပြောကြားခဲ့သည်။

ယင်းနောက် ၎င်းက “ကျွန်တော်တို့ရဲ့မဟာမိတ်ဂျပန်ဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို – ပစိဖိတ်ဒေသရဲ့အုတ်မြစ်ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးတွေမှာ ဂျပန်နိုင်ငံရဲ့ပံ့ပိုးကူညီပေးမှုတွေကိုလည်း အမေရိကအနေနဲ့ကြိုဆိုလက်ခံပါတယ်” ဟုဆိုခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here