ဆေးကုသမူခံယူ​နေရသည့် ထိုင်းဘုရင့်သမီး​တော်ကြီး အတွက် ပြည်သူများနှင့်တရုတ်သံအမတ်ကဆေးရုံသို့ လာ​ရောက်ဆု​တောင်း​ပေး

0
241

ထိုင်းနိုင်ငံ၏ ဒသမ​မြောက် ရာမဘုရင် မဟာဝဇီရ​လောင်ကွန်း ၏သမီး​ကြီး HRH Princess Bajrakitiyabha သည် နှလုံး​ရောဂါ​ကြောင့်သတိလစ်ပြီး ဘန်​ကောက်ရှိ ချူလာလောင်ကွန်ဆေးရုံတွင်ကုသမူခံယူ​နေရာပြန်လည်ကျန်းမာလာစေရန် အတွက်ဆေးရုံတွင်ပြည်သူများကလာ​ရောက်ဆုတောင်း​ပေး​နေကြသည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Han Zhiqiang ကလည်း  သမီး​တော်ကို အမြန်ပြန်လည်ကျန်းမာလာစေရန် ​ဆေးစုံသိုလာ​ရောက်ပြီး ဆုတောင်းမေတ္တာပို့သသည့် သဝဏ်လွှာကိုထိုင်းဘာသာဖြင့် ရေးသားခဲ့သည်။

တနင်္ဂနွေနေ့တွင် HRH Princess Bajrakitiyabha အမြန်ပြန်ကောင်းလာစေရန်အတွက် ထိုင်းလူမျိုးများသည် ချူလာလောင်ကွန်းဆေးရုံသို့ ထပ်မံရောက်ရှိလာခဲ့ကြသည်။

မင်းသမီး Bajrakitiyabha သည် ထိုင်းဘုရင် Vajiralongkorn ၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး အသက် ၄၄ နှစ်ရှိပြီဖြစ်သည်။

 ဗုဒ္ဓဟူးနေ့ ညနေက နခွန်ရာချာ့စ်စီမာ ​ဒေသရှိ ပွဲတစ်ခုကို တက်ရောက်ရင်း  နှလုံးရောဂါ​ကြောင့်လဲကျသတိလစ်သွားခဲ့​ကြောင်း၊ထိုနယ်မှတဆင့်ဘန်​ကောက်သို့သယ်​ဆောင်လာပြီး ကုသမူခံယူ​နေ​ကြောင်း နန်းတော်က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် “Princess Bha” ဟုလူသိများသော Bajrakitiyabha သည်သြစတြီးယား၊ Slovenia နှင့် Slovakia ဆိုင်ရာထိုင်းသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ 

သူမသည် New York, Cornell University မှ ဥပဒေ PhD ရရှိထားပြီး United Nations နှင့် လက်တွဲအလုအ်လုပ်ဖူးခဲ့သည်။

သူမသည် ထိုင်းတရားစီရင်ရေးမဏ္ဍိုင်တွင် အစိုးရရှေ့နေအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများကို နှိမ်နင်းရန် အဓိကအာရုံစိုက်ခဲ့သည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here